ချင်းပြည်နယ်လမ်းပန်းနဲ့စီးပွားရေးကူညီဖို့ တရုတ်သံအမတ် လာရောက်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang ဟာ ချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးနဲ့ စီးပွားရေးကဏ္ဍမှာအကူအညီပေးဖို့ ဒီနေ့ညနေ(၆)နာရီ ချင်းပြည်နယ်အစိုးရအဖွဲ့တွေနဲ့ဆွေးနွေးမှာဖြစ်ပါတယ်။

တရုတ်သံအမတ်ဦးဆောင်တဲ့အဖွဲ့ဟာ ဒီမနက်မှာ ကလေးမြို့ကနေ မော်တော်ယာဉ်နဲ့ဟားခါးဘက်သို့တက်လာပြီး ကားလမ်းဘေးက ထေးဇန်ကော်ဖီခြံကိုလည်း (၁၅)မိနစ်ခန့်ဝင်ရောက်ကြည့်ရှုသွားပါတယ်။

ချင်းပြည်နယ် စည်ပင်၊လျှပ်စစ်နဲ့စက်မှုဝန်ကြီး ဦးစိုးထက်က “တရုတ်သံအမတ်ကြီးလာရတဲ့အကြောင်းရင်းက လမ်းပန်းဆက်သွယ်ရေးနဲ့ စီးပွားရေးကဏ္ဍမှာ အကူအညီပေးဖို့ ချင်းပြည်နယ်အစိုးရနဲ့ဆွေးနွေးဖို့ဖြစ်ပါတယ်။ မနက်ဖြန်လည်း ထန်တလန်ဘက်ကိုသွားမယ်လို့သိရတယ်”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်