စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ ကိုယ်စားလှယ်လောင်း ၃ ဦး ယှဥ်ပြိုင်မယ်

အောက်တိုဘာ ၂၃၊ ၂၀၂၅

Zalen

စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာအတွက် ပါတီ ၃ ခုမှ ကိုယ်စားလှယ်လောင်း ၃ ဦး ပါဝင်ယှဥ်ပြိုင်သွားကြမယ်လို့ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ထားပါတယ်။

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကောင်စီ ဦးဆောင် ကျင်းပမယ့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှာ အသီးသီး ပါဝင်ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Zalen ad

ပါဝင်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်တွေဟာ USDP ပါတီ မှ ဦးငွန်ဘွလ်ထန်၊ ပြည်သူ့ရှေ့ဆောင်ပါတီ ( PPP)မှ ဦးဆသင်ထောင်း၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ဒေါ်သျှန်းနှဲမ်ဆွေး တို့ဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ်မှာ လူမျိုး ၅၀,၀၀၀ နဲ့အထက်ရှိပါက တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ ယှဥ်ပြိုင်ခွင့်ရတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ တမူး၊ ကလေးအပါအဝင် မြို့နယ်နေရာနှံ့မှာ ချင်းလူမျိုး ၄၀၀,၀၀၀ သိန်းနဲ့အထက်ရှိတာကြောင့် တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ ယှဥ်ပြိုင်ခွင့်ရတာပါ။

သတင်း-ခူမီး

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဂျက်ဖိုက်တာ ၉ စီး ၊ Y-12 နှစ်စီး နဲ့ဗုံးကြဲ

၂၁ ၊ဇွန် ၊၂၀၂၆Zalen ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ်မြို့အရှေ့ခြမ်း နေရာတွေကို စစ်ကောင်စီတပ်က တရက်တွင်း ဂျက်ဖိုက်တာ ၉ စီး ၊ Y-12 နှစ်စီး နဲ့ ဗုံးလာကြဲတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုမှာ တံတားဦး ...

ဆက်ဖတ်ရန်