ချင်းညီနောင်နာမည်ဖြစ် CNDF က ဖလမ်းမြို့သိမ်း တိုက်ပွဲအတွက် CDF – Hakha ကို ဖိတ်ခေါ်ပေမယ့် ငြင်းပယ်ဆိုတဲ့ သတင်းအမှား

စက်တင်ဘာ ၈၊ ၂၀၂၄။

Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်း တိုက်ပွဲအတွက် ချင်းညီနောင်အမည်ဖြစ် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) က ချင်းကာကွယ်ရေးတပ်(ဟားခါး)ကို ဖိတ်ခေါ်ပေမယ့် CDF Hakha ကငြင်းပယ်တယ်လို့ ဒေသတွင်း ချင်းသတင်းတွေကို ဖော်ပြလေ့ရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက သြဂုတ်လ ၂၆ ရက်နေ့က ရေးသားဖော်ပြထားပါတယ်။

အဲ့ဒီ ဖေ့စ်ဘွတ်အကောင့်က ချင်း(လိုင်)ဘာသာဖြင့် ” CB ကိုယ်စား CNDF က ဖလမ်းမြို့သိမ်း တိုက်ပွဲအတွက် CDF Hakha ကိုဖိတ်ခေါ်ခဲ့ပေမယ့် CDF ဟားခါးက ငြင်းပယ်ခဲ့တယ်။ CDF Hakha က ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်ခြင်းကို သေသေချာချာဆုပ်ကိုင်ထားလို့ CDF Hakha စိတ်ဓာတ်ဟာ ချီးကျူးစရာကောင်းသလို ဂုဏ်ပြုစရာကောင်းတယ်” လို့ ဆိုပြီး နှစ်ကြိမ် ရေးသားဖော်ပြထားပါတယ်။

မူးရင်းသတင်းလင့်ခ်

https://www.facebook.com/share/p/yMTz9kVAR3eLP9cB
https://www.facebook.com/share/p/1AV5zaumzu

အဲ့ဒီ သတင်းကို နှစ်ကြိမ်တင်ထားပြီး ကြိုက်နှစ်သက်သူ ၁၀၅၅ ဦး၊ မှတ်ချက်ပေးသူ ၃၀၇ ဦး နဲ့ မျှဝေသူ ၁၄ ဦးထိရှိလာသလို အဆိုပါ မူရင်းစာသားတွေကို ကူးယူပြီး ဒေသတွင်း ဖေ့စ်ဘွတ် ပေ့ချ်၊ ဖေ့စ်ဘွတ်အကောင့်တွေမှာ ပုံစံအမျိုးမျိုးဖြင့် ပြန်လည်ဖော်ပြထားတာတွေ တွေ့ရှိရပါတယ်။

Zalen Fact -Checking Team က စိစစ်တဲ့အခါ ဖလမ်းမြို့သိမ်း တိုက်ပွဲအတွက် CNDF က CDF-Hakha ကို ဖိတ်ခေါ်ခဲ့တယ်ဆိုတာ မတွေ့ရှိရပါ။

CNDF အနေဖြင့် ဖလမ်းမြို့သိမ်း တိုက်ပွဲအတွက် CDF – Hakha ကို တရားဝင် ဖိတ်ကြားထားခြင်း မရှိဘူးလို့ CNDF ပြန်ကြားရေးတာဝန်ရှိတစ်ဦးက ပြောပါတယ်။

၎င်းက “ကျွန်တော်တို့ CNDF အနေနဲ့ကျတော့ CDF-Hakha ကို တရားဝင်ဖိတ်တာ မရှိဘူး။ ဒါပေမဲ့ မြေပြင်အခြေနေအရ ဖလမ်းနဲ့ ဟားခါးက နယ်မြေချင်းထိစပ်နေတဲ့ မြိုနယ်တွေဖြစ်တဲ့အတွက် ဟားခါးဘက်ကနေ ဖလမ်းကို စစ်ကူပေးနိုင်သလို ဖလမ်းကနေလည်း ဟားခါးကို စစ်ကူပေးနိုင်တာကြောင့် ကျွန်တော်တို့ အဲ့ဒီဒေသမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေနဲ့တော့ စကားပြောဖို့လိုအပ်တယ်။ ဥပမာ ကျွန်တော်တို့ ဖလမ်းမြို့ကို တိုက်တယ်ဆိုပါတော့ ဟားခါးကနေ စစ်ကူလာတဲ့ခါ CDF-Hakha က ဒီအတိုင်းကြည့်နေလို့မရဘူး။ တားဆီးရမယ်လေ။”လို့ ဆိုပါတယ်။

လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ CNDF က ဖလမ်းမြို့သိမ်း တိုက်ပွဲအတွက် CDF – Hakha ကို တရားဝင်ဖိတ်တယ်ဆိုတာဟာ ကောလဟာလ သတင်းတွေသာဖြစ်တယ်လို့ CNDF ပြန်ကြားရေးတာဝန်ရှိသူက ဆိုပါတယ်။

CDF-Hakha ကလည်း ဖလမ်းမြို့သိမ်း တိုက်ပွဲအတွက် CNDF အနေဖြင့် ဖိတ်ခေါ်လာခြင်း မရှိဘူးလို့ CDF-Hakha တာဝန်ရှိသူ Salai Hram Lian က စက်တင်ဘာ ၂ ရက်နေ့တွင် Vaurawng Zunthil Zoom Talk တွင် ပြောပါတယ်။

၎င်းက ” CNDF က ဖလမ်းမြို့သိမ်း တိုက်ပွဲအတွက် CDF – Hakha ကိုဖိတ်မယ်လို့ ရေးတာမဟုတ်ပါဘူး။ ဘယ်ကကြားလာတဲ့ သတင်းလည်းတော့ မသိဘူး။ CNDF ကလည်း ကျွန်တော်တို့ လာမတွေ့ဘူး။ ဖိတ်လည်းမဖိတ်ဘူး။ သတင်းတင်သူနဲ့ ကျနော်နဲ့ ပုံမှန်စကားပြောနေကြပါ။ အခုလို သတင်းတစ်ခုအနေနဲ့ တင်မယ်ဆိုလည်း မတင်ခင်မှာ ကျနော့်ကိုလာပြီး သတင်းအတည်ပြုပြီးမှာ တင်ရင်ကောင်းမှာ။ သူက သတင်းမီဒီယာလည်း မဟုတ်ဘူး။ သူ့ပုဂ္ဂလနဲ့ သတင်းတွေရေးနေတာဆိုတော့ မီဒီယာလည်းမဟုတ်လို့ အရေးတယူမထားလို့ မတုံ့ပြန်တာ။ တကယ့် မီဒီယာတွေမှာ အဲ့ကိစ္စကိုဖော်ပြရင်တော့ မဟုတ်မှန်ကြောင်း ပြန်ပြင်ခိုင်းမှာပါ”လို့ ဆိုပါတယ်။

လက်ရှိ ဖလမ်းမြို့မှာ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိသေးဘဲ CDF-Hakha ဘက်ကလည်း ဖလမ်းမြို့သိမ်း တိုက်ပွဲအတွက်ဟုဆိုကာ ဖလမ်းမြို့နယ်သို့ စစ်ကူရောက်ရှိလာခြင်း မရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဖလမ်းမှာ ပစ်ခတ်မူမရှိတာ အတော် ကြာပါပြီ။ ဒေသခံတွေလည်း ပုံမှန်အတိုင်းပါပဲ။ ပြီးတော့ CDF-Hakha ကလည်း ဖလမ်းတိုက်ပွဲအတွက် ဖလမ်းမြို့နယ်မှာ စစ်ကူလာတာ မရှိပါဘူး။ သတင်းတွေက ကောလဟာလတွေ ဖြစ်ဖို့များပါတယ်။ “လို့ ဆိုပါတယ်။

သုံးသပ်ချက်

အဲ့ဒီသတင်းရေးသားသူဟာ ချင်းလက်နက်ကိုင်နှစ်ဖွဲ့ကြား ချင်းညီနောင်နဲ့ ချင်းလဲန်းကောင်စီအဖွဲ့ဝင်ကြားမှာ အမုန်းပွားလိုတဲ့သဘောဖြစ်ပြီး တစ်ဖက်မှာလည်း CNDF နဲ့ ချင်းညီနောင်အဖွဲ့ကို သိက္ခာကျစေချင်တဲ့ ရည်ရွယ်ချက်ဖြစ် သတင်းကို မဟုတ်မမှန်ဖန်တီး ရေးသားထားတာကို တွေ့ရပါတယ်။

စာဖတ်ပရိသတ်အနေဖြင့်လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ လေ့လာဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

အထက်ပါ သက်ဆိုင်ရာ အဖွဲ့အစည်းတာဝန်ရှိသူတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ CDNF က CDF-Hakha ကို ဖလမ်းမြို့သိမ်း တိုက်ပွဲအတွက် ဖိတ်ခေါ်ခဲ့တာ မတွေ့ရှိရပါ။

Zalen စာဖတ်ပရိသတ်အနေဖြင့်လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို (ခမီ) အမျိုးသားနှစ်ဦး သေဆုံး

စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၄။ Zalen မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ Raub မြို့မှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို့ (ခမီ) အမျိုးသား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိသူ ချင်းအမျိုးသားတစ်ဦးဆီက ...

ဆက်ဖတ်ရန်