ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်ဟာ တက္ကသိုလ်ဝင်စာမေးပွဲ ပျက်ကွက်သူအများဆုံးဖြစ်နေ

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတဲ့ ပထမဆုံးနေ့တွင် ပလက်ဝမြို့နယ်မှာ ပျက်ကွက်သူ (၄၇၅) ဦးရှိတာကြောင့် ချင်းပြည်နယ်တွင် အများဆုံးပျက်ကွက်တဲ့မြို့နယ်ဖြစ်ပါတယ်။

ပလက်ဝမြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့် စာရင်းရှိ (၂၆၉၀)ဦးရှိပေမယ့် ဖြေဆိုသူ (၂၂၁၆)ဦးရှိပြီး (၁၇)ရာခိုင်နှုန်းပျက်ကွက်ကြပါတယ်။

ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက “အခြေအနေအမျိုးမျိုးကြောင့်ပျက်ကွက်ကြတာဖြစ်မယ်။ အခု ပျက်ကွက်သူအများဆုံးက အပြင်ဖြေ နှစ်ကျတွေများတယ်” လို့ပြောပါတယ်။

Zalen ad

အရင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပျက်ကွက်သူ (၂၅၀)ကျော် ရှိတယ်လို့ ၎င်းကပြောပါတယ်။

ဒုတိယပျက်ကွက်သူအများဆုံးမြို့နယ်မှာ မတူပီမြို့နယ်ဖြစ်ပြီး စာရင်းရှိ (၁၈၂၈)ဦးထဲတွင် (၁၅၂၉)ဦးရှိ၍ (၂၉၉)ဦးပျက်ကွက်ပါတယ်။

ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမယ့်သူ စာရင်းရှိ (၁၂၃၇၄) ဦးရှိပြီး (၁၈၀၃)ဦးပျက်ကွက်ပါတယ်။

(Zawgyi)

ခ်င္းျပည္နယ္တြင္ ပလက္ဝၿမိဳ႕နယ္ဟာ တကၠသိုလ္ဝင္စာေမးပြဲ ပ်က္ကြက္သူအမ်ားဆုံးျဖစ္ေန

တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုတဲ့ ပထမဆုံးေန႔တြင္ ပလက္ဝၿမိဳ႕နယ္မွာ ပ်က္ကြက္သူ (၄၇၅) ဦးရွိတာေၾကာင့္ ခ်င္းျပည္နယ္တြင္ အမ်ားဆုံးပ်က္ကြက္တဲ့ၿမိဳ႕နယ္ျဖစ္ပါတယ္။

ပလက္ဝၿမိဳ႕နယ္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုမယ့္ စာရင္းရွိ (၂၆၉၀)ဦးရွိေပမယ့္ ေျဖဆိုသူ (၂၂၁၆)ဦးရွိၿပီး (၁၇)ရာခိုင္ႏႈန္းပ်က္ကြက္ၾကပါတယ္။

ပလက္ဝၿမိဳ႕နယ္ ပညာေရးမႉး ဆလိုင္းေအာင္မင္းက “အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ပ်က္ကြက္ၾကတာျဖစ္မယ္။ အခု ပ်က္ကြက္သူအမ်ားဆုံးက အျပင္ေျဖ ႏွစ္က်ေတြမ်ားတယ္” လို႔ေျပာပါတယ္။

အရင္ႏွစ္တြင္ တကၠသိုလ္ဝင္စာေမးပြဲ ပ်က္ကြက္သူ (၂၅၀)ေက်ာ္ ရွိတယ္လို႔ ၎ကေျပာပါတယ္။

ဒုတိယပ်က္ကြက္သူအမ်ားဆံုးၿမိဳ႕နယ္မွာ မတူပီၿမိဳ႕နယ္ျဖစ္ၿပီး စာရင္းရွိ (၁၈၂၈)ဦးထဲတြင္ (၁၅၂၉)ဦးရွိ၍ (၂၉၉)ဦးပ်က္ကြက္ပါတယ္။

ခ်င္းျပည္နယ္တြင္ တကၠသိုလ္ဝင္ စာေမးပြဲေျဖဆိုမယ့္သူ စာရင္းရွိ (၁၂၃၇၄) ဦးရွိၿပီး (၁၈၀၃)ဦးပ်က္ကြက္ပါတယ္။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်