ချင်းပြည်နယ်မှာ ZRA က တိုက်စစ်ဖွင့်တော့မယ်ဟုကြေညာ

Zomi Revolutionary Army (Eastern Command) (ဇိုမီးတော်လှန်ရေးတပ်မတော်-အရှေ့ပို်င်းတိုင်းစစ်ဌာနချုပ်) က ချင်းပြည်နယ် ပြည်သူလူထုကိုရှေးရှုပြီး ခံစစ်ကနေသာ ရည်တည်ကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ချင်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားလာတာကြောင့် လိုအပ်သလို တိုက်စစ်ဖွင့်တော့မှာဖြစ်ပါတယ်။

ယင်းတိုက်စစ်ကို ZRA (EC) တပ်စိတ် ၅ နဲ့ ၄င်းတို့လက်အောက်ခံ Zomi National Volunteer တပ်စိတ် ၃ တို့ကဦးဆောင်သွားမယ်လို့ကြေညာထားပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်ကောင်စီတပ်ကိုတိုက်မှာလာ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်မှာလာဆိုတာ ဖော်ပြထားခြင်းမရှိပါ။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တီးတိန်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဦးဆောင်သူတစ်ယောက်ရဲ့ သဘောထားအမြင်ကိုမေးကြည့်ရာအခုလိုပြောပါတယ်။

“ခုတလော တီးတိန်မြို့နယ်မှာတိုက်ပွဲပြင်းထန်တော့ သူ့ကိုထောက်ခံတဲ့သူတွေရဲ့ ဖိအားများလို့ အခုလိုကြေညာလိုက်တာဖြစ်မယ်ထင်တယ်။ အယောင်ပြလောက်ပဲဖြစ်မှာပါ။ သူက စစ်ကောင်စီကိုတိုက်မလာ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုတိုက်မလာ မရေးထားတော့မပြောတတ်ဘူး။ ပြည်သူဘက်ကိုတိုက်ရင်တော့ အိမ်ပြန်လို့ရတော့မှာမဟုတ်ဘူး” လို့ပြောပါတယ်။

Zalen ad

ZRA (EC) ဟာ ၂၀၂၁ ခုနှစ်က အိန္ဒိယနိုင်ငံနဲ့ထိစပ်နေတဲ့ တီးတိန်၊ တွန်းဇံမြို့နယ်မှာ စခန်းချတဲ့ PDA, PDF-Zoland နဲ့ CDF-Hualngo တပ်စခန်းကိုသွားရောက်တိုက်ခိုက်ပြီးဖျက်ဆီးခဲ့ပါတယ်။

Zawgyi

ခ်င္းျပည္နယ္မွာ ZRA က တိုက္စစ္ဖြင့္ေတာ့မယ္ဟုေၾကညာ

Zomi Revolutionary Army (Eastern Command) (ဇိုမီးေတာ္လွန္ေရးတပ္မေတာ္-အေရွ႕ပို္င္းတုိင္းစစ္ဌာနခ်ဳပ္) က ခ်င္းျပည္နယ္ ျပည္သူလူထုကိုေရွးရႈၿပီး ခံစစ္ကေနသာ ရည္တည္ၾကပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္ခ်င္းျပည္နယ္မွာ တိုက္ပြဲေတြျဖစ္ပြားလာတာေၾကာင့္ လိုအပ္သလုိ တိုက္စစ္ဖြင့္ေတာ့မွာျဖစ္ပါတယ္။

ယင္းတိုက္စစ္ကို ZRA (EC) တပ္စိတ္ ၅ နဲ႔ ၄င္းတို႔လက္ေအာက္ခံ Zomi National Volunteer တပ္စိတ္ ၃ တို႔ကဦးေဆာင္သြားမယ္လို႔ေၾကညာထားပါတယ္။ ဒါေပမယ့္ အာဏာသိမ္းစစ္ေကာင္စီတပ္ကိုတိုက္မွာလာ၊ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြကို တိုက္မွာလာဆိုတာ ေဖာ္ျပထားျခင္းမရွိပါ။

ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး တီးတိန္ၿမိဳ႕နယ္အေျခစိုက္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔တစ္ဖြဲ႔ဦးေဆာင္သူတစ္ေယာက္ရဲ႕ သေဘာထားအျမင္ကိုေမးၾကည့္ရာအခုလိုေျပာပါတယ္။

“ခုတေလာ တီးတိန္ၿမိဳ႕နယ္မွာတုိက္ပြဲျပင္းထန္ေတာ့ သူ႔ကိုေထာက္ခံတဲ့သူေတြရဲ႕ ဖိအားမ်ားလုိ႔ အခုလိုေၾကညာလိုက္တာျဖစ္မယ္ထင္တယ္။ အေယာင္ျပေလာက္ပဲျဖစ္မွာပါ။ သူက စစ္ေကာင္စီကိုတိုက္မလာ၊ ျပည္သူ႔ကာကြယ္ေရးတပ္ေတြကိုတုိက္မလာ မေရးထားေတာ့မေျပာတတ္ဘူး။ ျပည္သူဘက္ကိုတုိက္ရင္ေတာ့ အိမ္ျပန္လို႔ရေတာ့မွာမဟုတ္ဘူး” လို႔ေျပာပါတယ္။

ZRA (EC) ဟာ ၂၀၂၁ ခုႏွစ္က အိႏိၵယႏိုင္ငံနဲ႔ထိစပ္ေနတဲ့ တီးတိန္၊ တြန္းဇံၿမိဳ႕နယ္မွာ စခန္းခ်တဲ့ PDA, PDF-Zoland နဲ႔ CDF-Hualngo တပ္စခန္းကိုသြားေရာက္တိုက္ခိုက္ၿပီးဖ်က္ဆီးခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

ကမ္ဘာ့မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးနိုင်ငံအဖြစ် မြန်မာက ထိပ်ဆုံးရောက်ရှိ

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် စံချိန်တင် ရောက်ရှိသွားတယ်လို့ Landmine and Cluster Munition Monitor ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာသစ်က ...

ဆက်ဖတ်ရန်