ချင်းလူငယ်တစ်ဦးပါဝင် သရုပ်ဆောင်ထားတဲ့ မေတ္တာ ရုပ်ရှင်ဇာတ်ကား ဆု (၅) ခုရရှိ

ဒီဇင်ဘာလ ၁၇ရက်၊ ၂၀၂၄

Zalen

ချင်းလူငယ်တစ်ဦးပါဝင် သရုပ်ဆောင်ထားတဲ့ မေတ္တာ ရုပ်ရှင်ဇာတ်ကားကြီးဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော် (၆) ခု က ဆု (၅) ခုရရှိထားတယ်လို့ သိရပါတယ်။

ဆုတွေဟာ အကောင်းဆုံး ဇာတ်ကားဆု (၁)ခု၊ အကောင်းဆုံး ဇာတ်လမ်းဆု (၁) ခု၊ ပရိတ်သတ်အကြိုက်ဆုံး ဆု(၂) ခု နဲ့ အကောင်းဆုံး သရုပ်ဆောင်ဆု (၁)ဆုတို့ ရရှိထားတာဖြစ်ပါတယ်။

ဒါ့အပြင် ချင်းလူငယ် သရုပ်ဆောင်ဖြစ်တဲ့ ဂင်မုန်ကလည်း နိုင်ငံတကာရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

မေတ္တာ ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာ – အမေရိက နှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးတင်ဆက်ထားတဲ့ ပထမဦးဆုံး ပရဟိတ ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။

အဲဒီဇာတ်ကားမှ ရရှိလာမယ့် အကျိုးအမြတ်တွေကို လိုအပ်တဲ့ မိဘမဲ့ကလေးငယ်ထံ လှူဒါန်းထောက်ပံ့သွားမယ့်လို့ သိရပါတယ်။

မေတ္တာ ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ (၁၃)ရက်၊ သောကြာနေ့က မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ တစ်ပြိုင်နက်တည်း ရုံတင် ပြသသွားပြီလို့ သိရပါတယ်။

မေတ္တာ ရုပ်ရှင်ဇာတ်ကားမှာ လူမင်း၊ ဂင်မုန်၊ ထွန်းအိန္ဒြာဗို၊ ဖီရိုနာအိုနေး၊ မေတီမောင်၊ ခရစ္စီအလှ၊ ဘရစ်တနီပိုဝယ်တို့ပါဝင် သရုပ်ဆောင်ထားပါတယ်။

သရုပ်ဆောင် ဂင်မုန်ဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ဇာတိ ဇိုမီး (ချင်း) လူမျိုးဖြစ်ပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်