ချင်းလူမျိုးနဲ့ အေအေ တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့ဟုဆို

အောက်တိုဘာလ ၁၀ရက်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်မှာ ချင်းလူမျိုးနဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၅ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။

အဲ့ဒီ အစီရင်ခံစာထဲမှာ ပလက်ဝမြို့နယ်ရှိ ချင်းလူမျိုးနဲ့ အေအေ ကြား အငြင်းပွားမူတွေ၊ ချင်းလူမျိုးစုတွေ အချင်းချင်းမပြေလည်မှုကို ပိုမိုမြင့်တက်လာအောင် စစ်လော်ဘီတွေက ဝါဒဖြန့်ချီ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပလက်ဝမြို့နယ်ကို အေအေက ထိန်းချုပ်ပြီးနောက် စစ်အာဏာရှင် တော်လှန်နေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CNA၊ CDF ထောက်ခံအားပေးတဲ့ အရပ်သားတွေကို အေအေက ဖမ်းဆီးမှုတွေ၊ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

အဲ့ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ချင်းလဲန်းကောင်စီ(CC)နဲ့ ချင်းအရပ်ဖက်အဖွဲ့စည်းဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့စည်း (GKO)က ကန့်ကွက်ဆန့်ကျင်တဲ့အပေါ် ချင်းလူမျိုးနဲ့ အေအေကြား စစ်လော်ဘီတွေက အငြင်းပွားမှုကို ပိုလှုံ့ဆော်နေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတူပီမြို့သိမ်း တိုက်ပွဲအတွင်း အေအေ အပါအဝင် ချင်းညီနောင်အဖွဲ့ နဲ့ ချင်းလဲန်းကောင်စီ ဦးဆောင်တဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တို့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ရဲဘော်အချို့ ထိခိုက်ကျဆုံးခဲ့တာတွေရှိပါတယ်။

မတူပီမြို့ကို ချင်းညီနောင်အဖွဲ့နဲ့ အေအေတို့က သိမ်းပိုက်ရရှိပြီး ၎င်းတို့စစ်ရေး လုံခြုံရေးအတွက် ဒေသခံပြည်သူတွေကို အသွားလာကန့်သတ်မှုတချို့နဲ့ မတူပီမြို့နယ်ကနေ အေအေ ထွက်သွားဖို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရောက် ချင်းစစ်ဘေးရှောင်တွေက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ချင်းလူမျိုးနဲ့ အေအေတို့ကြား စစ်လော်ဘီတွေက အငြင်းပွားမှု ပိုမြင့်တက်လာအောင် တယ်လီဂရမ်ချန်နယ်ကနေ ထပ်ခါတလည် ပုံစံအမျိုးမျိုးနဲ့ ရေးသားဖော်ပြတာတွေ့ရပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်