ချင်းအမျိုးသားတပ်မတော်(CNA)က လေ့ကျင့်သင်တန်းပေးသည့် အရှိုချင်းကာကွယ်ရေးတပ် -ACDF အပတ်စဉ် (၃) သင်တန်းဆင်း

ချင်းအမျိုးသားတပ်မတော်(CNA) ထံ ပထမအကြိမ် အခြေခံစစ်သင်တန်းတက်ရောက်သည့် အရှိုချင်းကာကွယ်ရေးတပ်-ACDF အပတ်စဉ်(၃) သင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၉ ရက်နေ့တွင် Victoria base Chinland မှာ ကျင်းပနိုင်ခဲ့သည်။

” အရှိုချင်းကာကွယ်ရေးတပ်-ACDF အပတ်စဉ် (၃) သင်တန်းက ချင်းအမျိုးသားတပ်မတော်(CNA) အပတ်စဉ် ၅၁ နဲ့ အတူ ပေးတဲ့သင်တန်းမှာ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်၊ ACDF သင်တန်းသား (၂၃) ပါတယ်၊ အကုန်လုံး အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့တယ်”လို့ ACDF ပြန်ကြားရေးတာဝန်ခံ ဆလိုင်း ခနီလေဗွေ Zalen media ကို ဆိုပါသည်။

အဆိုပါ သင်တန်းသည် ချင်းပြည်နယ် ချင်းအမျိုးသားတပ်မတော်(CNA)ထံ (၃)လ အကြာ ခက်ခက်ခဲခဲတက်ရောက်ခဲ့တာ ဖြစ်ပြီး၊ ACDF အပတ်စဉ် (၆)သင်တန်းသားလည်း ခေါ်ယူနေပြီးဖြစ်ကြောင်း သိရှိရသည်။

“ACDF အပတ်စဉ် (၄)နဲ့ (၅)က တခြား စစ်ဒေသတွေမှာ သင်ယူတော့မှာ ဖြစ်လို့ အပတ်စဉ် (၆)အတွက် သင်တန်းသားခေါ်ယူနေပါပြီး၊ သင်တန်းတက်ရောက်လိုသည့် သင်တန်းသားတွေ အရှိုချင်းကာကွယ်ရေးတပ်-ACDF page မှာ ဆယ်သွယ်နိုင်ပါတယ်” ဟု ACDF ပြန်ကြားရေးတာဝန်ခံ ဆလိုင်း ခနီလေဗွေက Zalen media ကို ဆိုပါသည်။

Zalen ad

ACDF ထံ တာဝန်ထမ်းဆောင်လိုသည့် တပ်သားသစ်များသည် ကျန်းမာရေးကောင်းမွန်ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်းဖြစ်ရမည်၊ အခြေခံစစ်သင်တန်းဆင်းပြီးပါက အနည်းဆုံး (၁) နှစ်မှ စစ်အာဏာရှင်ကျဆုံးသည့်အထိ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်ဟု သိရှိရသည်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီဟာ အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်ရေးတွက် မတ်လလယ်မှာ လွှတ်တော်ခေါ်မယ်လို့ ကြေညာ

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆။ Zalen စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့အမတ်တွေနဲ့ လွှတ်တော်သုံးရပ်ကို မတ်လလယ်ကစပြီး ခေါ်ယူမယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းမှာ  ကြေညာလိုက်ပါတယ်။ လာမယ့် မတ် ၁၆ ...

ဆက်ဖတ်ရန်