ဂန့်ဂေါမြို့နယ်အတွင်းရှိလာပို့ကျေးရွာကိုစစ်ကောင်စီကလေကြောင်းဖြင့်ဗုံးကြဲလို့အမျိုးသ မီးတစ်ဦးဒဏ်ရာရ

၁၄ ၊အောက်တိုဘာ၊၂၀၂၄

Zalen

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ လာပို့ကျေးရွာကိုဒီကနေ့အောက်တိုဘာ လ ၁၄ ရက်နေ့ ညနေ ၃ နာရီ၀န်းကျင်မှာစစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ယင်းသို့အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့်လူနေအိမ် တွေထိခိုက်ပျက်စီးခဲ့ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

Zalen ad

“ညနေ ၃ နာရီ၀န်းကျင်မှာလာပစ်ပါတယ်၊အကြောင်းမဲ့ပစ်သွားတာပါ၊ရွာထဲကသုံးထပ်တိုက်အိမ်တစ်လုံးနောက်ခြမ်းပျက်စီးသွားတယ်၊အမျိုးသမီး အသက် ၃၀ ကျော်အရွယ် ဒဏ်ရာရတယ်” လို့ လာပို့ရွာမှတာ၀န်ရှိသူတစ်ဦးက Zalenကိုပြောပါတယ်။

ထို့ပြင် စစ်ကောင်စီက ပေါင် ၂၅၀ အားရှိတဲ့ဗုံးသီး ၂ လုံးနဲ့လေကြောင်းတိုက်ခိုက်မှုနှစ် ကြိမ်ပြုလုပ်ခဲ့တာကြောင့်ရွာထဲမှာရှိတဲ့ မန်းကျည်းပင်တွေပေါ်ကျပြီး တစ်ခြားလူနေအိမ်တွေပါထိခိုက်မှုရှိသလို လက်ရှိချိန်မှာ ဒေသခံတွေဘေးလွတ်ရာကိုတိမ်းရှောင်နေကြတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ကလည်း ရေရှင်မရွာကိုစစ်ကောင်စီကလေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်အသက် ၄၃ နှစ်အရွယ်အမျိူသားတစ်ဦသေ ဆုံးခဲ့တယ်လို့သိရပါတယ်။

သတင်း – ယောနေ

နောက်ဆုံးရသတင်းများ

အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး Brave Burma Act ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။ Zalen မြန်မာစစ်ကောင်စီရဲ့  အရပ်သားပြည်သူတွေအပေါ်  စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေကို အဆုံးသတ်နိုင်မယ့် Brave Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၁၀ ...

ဆက်ဖတ်ရန်