ဂန့်ဂေါမြို့နယ်အတွင်းရှိလာပို့ကျေးရွာကိုစစ်ကောင်စီကလေကြောင်းဖြင့်ဗုံးကြဲလို့အမျိုးသ မီးတစ်ဦးဒဏ်ရာရ

၁၄ ၊အောက်တိုဘာ၊၂၀၂၄

Zalen

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ လာပို့ကျေးရွာကိုဒီကနေ့အောက်တိုဘာ လ ၁၄ ရက်နေ့ ညနေ ၃ နာရီ၀န်းကျင်မှာစစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ယင်းသို့အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့်လူနေအိမ် တွေထိခိုက်ပျက်စီးခဲ့ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

“ညနေ ၃ နာရီ၀န်းကျင်မှာလာပစ်ပါတယ်၊အကြောင်းမဲ့ပစ်သွားတာပါ၊ရွာထဲကသုံးထပ်တိုက်အိမ်တစ်လုံးနောက်ခြမ်းပျက်စီးသွားတယ်၊အမျိုးသမီး အသက် ၃၀ ကျော်အရွယ် ဒဏ်ရာရတယ်” လို့ လာပို့ရွာမှတာ၀န်ရှိသူတစ်ဦးက Zalenကိုပြောပါတယ်။

ထို့ပြင် စစ်ကောင်စီက ပေါင် ၂၅၀ အားရှိတဲ့ဗုံးသီး ၂ လုံးနဲ့လေကြောင်းတိုက်ခိုက်မှုနှစ် ကြိမ်ပြုလုပ်ခဲ့တာကြောင့်ရွာထဲမှာရှိတဲ့ မန်းကျည်းပင်တွေပေါ်ကျပြီး တစ်ခြားလူနေအိမ်တွေပါထိခိုက်မှုရှိသလို လက်ရှိချိန်မှာ ဒေသခံတွေဘေးလွတ်ရာကိုတိမ်းရှောင်နေကြတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ကလည်း ရေရှင်မရွာကိုစစ်ကောင်စီကလေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်အသက် ၄၃ နှစ်အရွယ်အမျိူသားတစ်ဦသေ ဆုံးခဲ့တယ်လို့သိရပါတယ်။

သတင်း – ယောနေ

နောက်ဆုံးရသတင်းများ

အယုဒ္ဓယရဲ့ နောက်ဆုံးမျိုးဆက်တွေ နှစ်ပေါင်း ၂၆၀ ကြာမှ ရောက်ရှိခဲ့တဲ့ အိမ်ပြန်ခရီး

အောက်တိုဘာ ၁၈၊ ၂၀၂၅ Zalen ယိုးဒယား-မြန်မာစစ်ပွဲအတွင်း အင်းဝကို စစ်သုံ့ပန်းအဖြစ်ခေါ်ဆောင်ခံရတဲ့ အယုဒ္ဓယတို့ရဲ့ မျိုးဆက် ခုနှစ်ခုမြောက် နောက်ဆုံး လက်ကျန် မျိုးဆက်တွေဟာ အယုဒ္ဓယကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ပြန်လည်ရောက်ရှိလာပါတယ်။ အယုဒ္ဓယသားတို့ရဲ့ မျိုးဆက်တွေ ...

ဆက်ဖတ်ရန်