ငဖဲမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ရွာလုံးရွာကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

စက်တင်ဘာလ ၂၇ ရက်၊ ၂၀၂၄

Zalen

မကွေးတိုင်း၊ ငဖဲမြို့နယ်က ချင်းရွာဖြစ်တဲ့ လိုင်ရွာမှာ စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်နေထိုင်လို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အဲ့ဒီ စစ်ကောင်စီ စစ်ကြောင်းဟာ ငဖဲမြို့က ကပစ (၁၄) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ပြီး မနေ့ စက်တင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းက အင်အား (၁၈၀) ခန့်ဖြင့် ရွာထဲကို ဝင်ရောက်လာဖြစ်ပါတယ်။

လက်ရှိ ရွာထဲကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ နေထိုင်တဲ့အတွက် ရွာသားတွေဟာ ကျေးရွာ အနီးနားက တောင်ယာနဲ့ တောတောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“ရွာထဲကို စစ်သားတွေ ဝင်လာလို့ မနေ့ညနေကတည်းက ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်။ ဒီနေ့မနက်ထိ စစ်သားတွေက ရှိနေသေးလို့ ရွာသားတွေလည်း ရွာထဲမဝင်ရဲသေးဘူး။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွာသားတွေဟာ စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းမှာကို ကြောက်လို့ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

လိုင်ကျေးရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး ချင်းလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

ယခုလ ၁၈ ရက်နေ့ကလည်း မကွေး တပ်မ (၈၈) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ငဖဲမြို့နယ်က ချင်းရွာတွေကို စစ်ကြောင်းထိုးပြီး ဘုံးဘောရွာမှ ချင်းအမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးပြီး တစ်ရက်ကြာမှာ ပြန်လွတ်ပေးပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

သုံးနှစ်ကျော်အတွင်း နေအိမ်အပါအ၀င် ပိုင်ဆိုင်မှု တစ်ထောင်ကျော် ချိပ်ပိတ်သိမ်းဆည်းခံရ

၂၈၊ စက်တင်ဘာ၊ ၂၀၂၄ Zalen အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်အတွင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ အပါအ၀င် ပိုင်ဆိုင်မှု ၁၀၁၄ ခုကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ NLD ...

ဆက်ဖတ်ရန်