ငလျင်ကြောင့် မော်ရိုဂိုနိုင်ငံတွင် လူပေါင်း ၁၀၀၀ ကျော်သေဆုံး

အာဖရိကတိုက်၊ မော်ရိုဂိုနိုင်ငံမှာ ယနေ့စက်တင်ဘာလ ၉ ရက်နေ့တွင် လှုပ်ခတ်ခဲ့တဲ့ အားပြင်းတဲ့ ငလျင်ကြောင့် လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ပြီး နောက်ထပ်ရာနဲ့ချီသော လူများ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဒီငလျင်ဟာ မော်ရိုဂိုနိုင်ငံတွင် ဆယ်စုနှစ် ၆ ခုအတွင်း လှုပ်ခတ်ခဲ့သော ငလျင်တွင် အပြင်ထန်ဆုံးသော ငလျင်ဖြစ်ပါတယ်။ မော်ရိုဂိုပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ငလျင်ကြောင့် သေဆုံးသူပေါင်း ၁၀၃၇ ကျော်ရှိပြီး နောက်ထပ် လူပေါင်း ၆၇၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Geological Survey က ထုတ်ပြန်ထားသော အချက်အလက်များအရ ငလျင်ပြင်းအားဟာ ၆ ဒသမ ၈ ပြင်းအားရှိပြီး မာရာကက်မြို့ကနေ အနောက်တောင်ပိုင်း ၄၅ မိုင်အကွာတွင် ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ငလျင်ကတော့ ဒေသစံတောင်ချိန် ည ၁၁ နာရီတွင် လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

 “ငလျင်က စက္ကန့် ၂၀ လောက်လှုပ်ခတ်ခဲ့တယ်။ အိမ်တံခါးကို ဖွင့်ပြီး ကျွန်တော် ဒုတိယ အလွှာကို ဆင်ပြေးလိုက်တယ်” ဟု ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဟာမစ်အပ်ကာက ပြောပါတယ်။ မော်ရိုဂိုနိုင်ငံတွင် အပြင်ထန်ဆုံး ငလျင်ကတော့ ၁၉၆၀ ခုနှစ်တွင် လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၁၂၀၀၀ ခန့် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တူရကီနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူပေါင်း ၅၀၀၀၀ ကျော်လည်း သေဆုံးသွားခဲ့ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

Depo တားဆေးနဲ့ ပတ်သက်ပြီး သတိပေးချက်အသစ်များ ထွက်လာ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆ Zalen သုံးလတကြိမ် အသုံးပြုကြတဲ့ ကိုယ်ဝန်ကာကွယ်ဆေး Depo-Provera နဲ့ ပတ်သက်ပြီး ဦးနှောက်အကျိတ်တမျိုးဖြစ်သော meningioma ဖြစ်နိုင်ခြေ ရှိနိုင်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ်။ ထုတ်လုပ်သူ Pfizerရဲ့ ဆေးအမှတ်တံဆိပ်စာရွက် ...

ဆက်ဖတ်ရန်