စက္ကန့်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိုကာကွယ်ရေးတပ်က တိုက်ခိုက်၊ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံး

၂၆ အောက်တိုဘာ၊၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်တောင်ပိုင်း၊ စက္ကန့်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိုဒီကနေ့ အောက်တိုဘာ ၂၆ရက်နေ့ မနက် ၁၁နာရီလောက်မှာ ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ စက္ကန့်ကျေးရွာအဝင်ကျောက်ခွဲစက်အနီး တာဝါတိုင်အောက်မှာဘန်ကာအခိုင်အမာတည်ဆောက်ထားပြီးစက္ကန့်ရွာကို စီးနင်းထားတာဖြစ်ပါတယ်။

“ဒီမနက် ၁၁နာရီလောက်မှာ ကျွန်တော်တို့ဖက်ကစပြီးသွားတိုက်တာ။ တိုက်ပွဲကြာချိန်နာရီဝက်၊ တစ်နာရီလောက်ဖြစ်မယ်။ ခွေးတွေဖက်ကတစ်ကောင်သေတယ်။ ကိုယ်တွေဖက်ကတော့အထိခိုက်မရှိဘူး။ သူတို့ဖက်ကအထိနာသွားတော့ ဒရုန်းနှစ်စင်းနဲ့ အီနာဂါဗုံးတွေလာချတယ်။ဒရုန်းတစ်စင်းကိုကျွန်တော်တို့ဖက်က ပစ်ခတ်ဖျက်စီးနိုင်ခဲ့ပါတယ်” လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စက္ကန့်ကျေးရွာကိုတစ်လကျော်ခန့်စီးနင်းထားပြီး နေ့စဥ်ရက်ဆက်ရွာကိုမီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။ အိမ်ခြေ ၉၀၀ခန့်ရှိတဲ့ စက္ကန့်ကျေးရွာဟာစစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ်နီးပါးပြာကျသွားခဲ့ပြီး ဒေသခံပြည်သူထောင်နဲ့ ချီဟာလည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေရတာဖြစ်ပါတယ်။

ဒေမီယံ

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်