စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အလံနဲ့ တံဆိပ် မပြောင်းလဲဖို့ မဲခွဲဆုံးဖြတ်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရဲ့ အလံနဲ့ တံဆိပ်ကို အစိမ်းရောင်ကနေ အနီရောင်သို့ မပြောင်းလဲဖို့ ဒီကနေ တိုင်းဒေသကြီးလွတ်တော်မှာ မဲခွဲဆုံးဖြတ်ကြပါတယ်။

ဒီကနေ့(မတ် ၆ရက်) စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၇၈)ရှိတဲ့ထဲမှာ ထောက်ခံမဲ (၄) ကန့်ကွက်မဲ (၄၇) ကြားနေမဲ (၂၇)အသီးသီးရရှိပါတယ်။

တိုင်းဒေသကြီး အလံနဲ့ တံဆိပ် ပြုပြင်ပြောင်းလဲရန်တိုက်တွန်းကြောင်းအဆိုကို မုံရွာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က ၂၀၁၈ ခုနှစ် ဇွန်လ(၁၁)ရက်တွင် တင်သွင်းပြီးလွှတ်တော်ဆက်လက်ဆွေးနွေးရန်မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၅၆)မဲနဲ့ ကန့်ကွက်မဲ(၂၅)မဲနဲ့အနိုင်ရခဲ့လို့ ၂၀၁၉ ခုနှစ် မတ်လ(၅)ရက်နေ့မှာ ပြန်လည်ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်