စစ်တပ်မှာ အကြီးဆုံးကိုမှ သူရဲကောင်းဘွဲ့မပေးရင် ဘယ်သူ့ကိုသွားပေးရမလဲ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တီးတိန်(ဇိုမီး)အသင်း(ရန်ကုန်)နဲ့  ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီး Rev. Fr. Joseph Thang Nen Zo Mung ဦးဆောင်သည့်အဖွဲ့ဝင်တွေက ဒီဇင်ဘာ(၄)ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌လာရောက်တွေ့ဆုံ၍ သူရဲကောင်းအဖြစ်ဂုဏ်ပြုခြင်း (Gal Hang Pah Tawi Na Award)ပေးအပ်ခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Zalen Media နဲ့ တီးတိန်(ဇိုမီး)အသင်း(ရန်ကုန်)အထွေထွေအတွင်းရေးမှူး ဦးကပ်ခင်းပေါင်နဲ့တွေ့ဆုံမေးမြန်းထားပါတယ်။

မေး= Gal Hang Pah Tawi Na Award ဆိုတာ ဘာလဲ။ ဘာကြောင့် ဒီဟာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေးခဲ့တာလဲ။

ဖြေ= Gal Hang Pah Tawi Na Award ဆိုတာ သူရဲကောင်းအဖြစ်ဂုဏ်ပြုခြင်းဖြစ်တယ်။ သူက နိုင်ငံတော် စစ်တပ်မှာဆို အကြီးဆုံးလေ။ အဲ့ဒီအကြီးဆုံးကိုမှ သူရဲကောင်းမပေးရင် ဘယ်သူ့ကိုသွားပေးရမလဲဆိုတဲ့အသိလေးနဲ့ ပေးတာ။ သူက နိုင်ငံတော်ကို လုံခြုံအောင်ကာကွယ်ပေးတယ်။ အစစအရာရာမှာအရှေ့ကနေ ဦးဆောင်ပြီးရပ်တည်ပေးနေတာဆိုတော့ ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ပြည်တွင်းပြည်ပကနေ ဖိအားတွေများတဲ့ချိန်မှာ ခရစ္စမတ်ချိန်မှာ ဖိအားသက်သာရာရအောင် ခရစ္စမတ် message သွားပို့ရင်းနဲ့ ဒီဆုကိုဂုဏ်ပြုတာပါ။

Zalen ad

မေး= တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တဲ့ချိန်မှာ ဘာတွေပြောသွားလဲ။ အကိုတို့ကရော သူ့ဆီဘာတွေပြောလဲ။

ဖြေ= သူက ချင်းပြည်နယ်ကို စိတ်ဝင်စားတယ်။ ဖွံ့ဖြိုးတိုးတက်အောင်လည်းလုပ်ချင်တယ်။ ရောက်လည်းရောက်ဖူးတယ်။ ဟားခါးမြေပြိုတုန်းက တစ်ခါနှစ်ခါရောက်ဖူးတယ်ပြောတယ်။ အခုလည်း မကြာခင်မှာ နယ်စပ်ရေးရာဝန်ကြီး ချင်းပြည်ကိုသွားပြီးတော့ ချင်းပြည်နယ်တစ်ခုလုံးကို တိုးတက်အောင် တပ်မတော်အနေနဲ့ လုပ်ပေးနိုင်တာရှိရင် လုပ်ပေးမယ်လို့ပြောတယ်။

ကျနော်တို့လည်း ချင်းပြည်နယ်ဟာ လုံးဝနောက်ကျနေတာ ဗိုလ်ချုပ်မှူးကြီးလည်းသိတယ်။ တခြားပြည်နယ်နဲ့တိုင်းထက် ဦးစားပေးပြီးဆောင်ရွက်ပါဆိုတဲ့ဟာပါပဲ။ တပ်မတော်ရဲ့ အကူအညီလည်းလိုတယ်။

မေး= ဒီဆုကို ပေးဖို့ ဘယ်လိုစိတ်ကူးရခဲ့တာလဲ။

ဖြေ= ပထမတော့ ခရစ္စမတ် သတင်းကောင်းပြောဖို့ ဒုသမ္မတအိမ်ရော၊ ကာကွယ်ရေးဝန်ကြီးအိမ်ရော ခရစ္စမတ် message(သတင်းကောင်း)သွားပေးမယ်ဆိုပြီး အရင်လုပ်တာ။ အခွင့်ရတဲ့ချိန်မှာ လူကြီးအိမ်မှာ ဒီတိုင်းပဲလက်ဗလာနဲ့ သွားတာထက် တစ်ခုခုတော့လုပ်ပေးလိုက်ရင်ကောင်းမယ်ဆိုပြီးတော့ ကျနော်တို့တိုင်ပင်ပြီးမှ လုပ်လိုက်တယ်။

မေး= တီးတိန်(ဇိုမီး)အသင်းက ဘယ်ဒေသအခြေစိုက်လဲ။

ဖြေ= တီးတိန်(ဇိုမီး)အသင်းဆိုတာ ရန်ကုန်မှာရှိတဲ့ တီးတိန်မြို့နယ်အသင်းပါ။ ဒီအသင်းရှိလာခဲ့တာ အနှစ်(၂၀)ရှိပြီလေ။

မေး= တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကို ဆုပေးတဲ့ကိစ္စ အွန်လိုင်းမှာ ဆဲတာ၊ ဝေဖန်တာတွေ တွေ့ရတယ်။ ဘယ်လို တုန့်ပြန်ချင်တာလဲ။

ဖြေ= ကျနော်တို့ချင်းတွေကတော့ ခုချိန်မှာ အကောင်းမြင်တာထက် အဆိုးမြင်တာ ပိုများတယ်။ ချီးကျူးတာထက် ဝေဖန်တာပိုများပါတယ်။ နားလည်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ချင်းတွေ အမြင်က (၁၀)နှစ်လောက်နောက်ကျတယ်ဆိုတာ အစကတည်းက သဘောပေါက်ပြီးသား။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီဟာရဲ့အကျိုးဆက်ကို ကျနော်တို့ ချင်းပြည်နယ်မှာ ခံစားလာမယ့်ခါမှာ သူတို့ပြန်ပြီးဝမ်းသာမှာပါ။ သူတို့ မဝေဖန်ရင် ဝမ်းနည်းရမလိုဖြစ်နေတယ်။

နောက်ဆုံးရသတင်းများ

လေကြောင်းရန် သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီအသိပေး

ဖေဖော်ဝါရီလ ၂၊ ၂၀၂၆ Zalen တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲကပြည်သူများအနေဖြင့် လေကြောင်းရန် နဲ့ ပတ်သက်လို့ သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီ ( Falam Regional Committee ) က ...

ဆက်ဖတ်ရန်