စစ်ကောင်စီတပ်ကြောင့် တလအတွင်း အမျိုးသမီး ၅၅ဦး သေဆုံးပြီး ၅၄ ဦး ထိခိုက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆
Zalen

စစ်ကောင်စီတပ်ကြောင့် ဇန်နဝါရီလ တလအတွင်းမှာ မြန်မာနိုင်ငံတ၀န်းက အမျိုးသမီး ၅၅ ဦးအထိ သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၅၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၆ ဦး၊ လက်နက်ကြီးကြောင့် ၇ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၂ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

Zalen ad

ဒါအပြင် သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၄ဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ဦး ပါဝင်နေပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄၁ ဦး၊ လက်နက်ကြီးကြောင့် ၃ဦး၊ မြေမြှုပ်မိုင်းကြောင့် ၅ဦးနဲ့ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် အမျိုးသမီး ၅ဦး ထိခိုက်ခဲ့ကြရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ အမျိုးသမီးသေဆုံးမှု ၂၀ ဦးနဲ့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ၁၀ဦး၊ ကချင်ပြည်နယ်မှာ ၈ဦး၊ ပဲခူးတိုင်းမှာ ၄ဦး၊ မကွေး၊ မန္တလေးနဲ့ တနင်္သာရီတိုင်းတွေမှာ ၃ဦးစီ၊ မွန်ပြည်နယ်မှာ ၂ဦး၊ ကရင်နဲ့ ချင်းပြည်နယ်တွေမှာ ၁ဦးစီ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂအနေနဲ့ စစ်ကော်မရှင်ဟာ ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းမျိုးစုံနဲ့ ဆက်လက်လုပ်ဆောင်နေပြီး၊ အထူးသဖြင့် ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် အမျိုးသမီးများ အသက်ဆုံးရှုံးနေရဆဲ ဖြစ်တယ်လို့ ထုတ်ပြန်သတိပေးထားပါတယ်။

Mary

ဓာတ်ပုံ-လူမှုကွန်ယက်

###

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်