စစ်ကောင်စီတပ်က ကျီကုန်းရွာမှာ ပြည်သူ့စစ်အင်အား စုဆောင်းရန်ပြင်ဆင်

၃၊ဖေဖော်ဝါရီ၊၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် အရှေ့မြောက်ခြမ်းမှာရှိတဲ့ ကျီကုန်းရွာမှာ စစ်ကောင်စီတပ်က

ပြည်သူ့စစ် (ပျူစောထီး) အင်အားစုဆောင်းရန် အတင်းအဓမ္မစေခိုင်းတယ်လို့သိရပါတယ်။

Zalen ad

ကလေးမြို့ ဒကစမှူးကိုယ်တိုင်က ဖေဖော်ဝါရီ ၂ရက်မှာ ကျီကုန်းရွာရှိ သိရိလင်္ကာဘုန်းကြီးကျောင်းကို ဖုန်းဆက်ပြီး ကျေးရွာရှိ လူငယ်/လတ်ပိုင်း အယောက် ၄၀စုဆောင်းထားဖို့ ညွှန်ကြားထားတယ်လို့ စစ်တပ်အသိုင်းဝန်းကနေတစ်ဆင့်သိရပါတယ်။

“မနေ့ဖုန်းဆက်ပြီး အယောက်၄၀စုခိုင်းထားတယ်။မနက်ဖြန်မဟုတ်ရင်တဘက်ခါလောက် ကလေးမြို့ကိုခေါ်ဖို့ ဒကစမှူးကိုယ်တိုင် ကျီကုန်းကိုသွားမယ်လို့ ပြောတယ်”လို့ စစ်တပ်နဲ့နီးစပ်တဲ့ တစ်ဦးကပြောပါတယ်။

“ရွာမှာရှိတဲ့ လူတွေ အဓိက လူငယ်တွေ စိတ်ပူနေကြတယ်။ရွာကနေထွက်မယ်ဆိုရင်လည်းရုတ်တရက်ဆိုတော့ ဖမ်းခံရမှာလဲကြောက်နေကြတယ်”လို့ဒေသခံတစ်ဦးကပြောပါတယ်။

ကျီကုန်းရွာဟာ ကလေးမြို့မှ ကလေးဝ၊တမူး လမ်းမကြီးပေါ်မှာတည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲဂိတ်ထိုင်ထားတဲ့ ရွာလည်းဖြစ်ပါတယ်။

ဗသိန်း

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်