စစ်ကောင်စီတပ်က ရိုက်နှက်လို့ ကလေးမြို့တွင် စက်ချုပ်အမျိုးသမီးတစ်ဦးသေဆုံး

စက်တင်ဘာ ၆ရက် ၊၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာနေ စက်ချုပ်သမ Do Deih Huai @ မဟွဲဘွဲ့(၃၁နှစ်) ကို ပြီးခဲ့သည့် သြဂုတ်လ ၂၇ရက်နေ့ လမ်းပေါ် စစ်ဆေးရေးလုပ်နေသော စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းရင်း ရိုက်နှက်ခဲ့သောကြောင့် နားမှသွေးယိုစီးကာ အတွင်းဒဏ်ရာဖြင့် သေဆုံးသွားသည်ဟု သတင်းရရှိပါသည်။

မဟွဲဘွဲ့သည် သြဂုတ်လ ၂၇ရက်နေ့တွင် သူမ၏ အဖော်ဖြစ်သူနှင့် ကလေးမြို့ဖက် ထွက်လာခဲ့ကြပြီး မြို့အဝင်တစ်နေရာတွင် စစ်ဆေးရေးလုပ်နေသောစစ်ကောင်စီတပ်က သူမ၏အမျိုးသားသူငယ်ချင်းကို မီးသတ် CDM ဟုစွပ်စွဲကာ စတင်ကန်ကျောက် ထိုးနှက်ခဲ့ကြပြီး သူမကိုလည်း ရိုက်နှက်ခဲ့ကြသည်ဟု နီးစပ်သူများက ဆိုသည်။

“သူတို့စိတ်ကြိုက်ရိုက်နှက်ပြီးတော့ ၂ယောက်လုံးကိုပြန်လွှတ်လိုက်ပါတယ်။ ကောင်လေးလည်း တစ်ကိုယ်လုံး ထုထောင်းရာတွေနဲ့ ညိုမည်းစွဲနေတာ။ ကောင်မလေးကတော့ နားထဲကနေသွေးယိုတာ။ နောက်နေ့(သြဂုတ် ၂၈) မနက် ထမင်းစားနေတုန်း မူးတယ် မူးတယ်နဲ့ သတိလစ်သွားပြီး သတိပြန်လည်မလာတော့ဘူး။ အဲ့ဒါနဲ့ ဆေးရုံသွားတော့ ဆရာဝန်တွေက မန်းလေးဖက် သွားဖို့ပြောတာနဲ့ စက်တင်ဘာ ၄ရက်နေ့မှာ ကလေးမြို့ကနေထွက်လာကြတာ။ စက်တင်ဘာ ၅ရက်နေ့ လမ်းမှာတင် အသက်ထွက်သွားတာပါပဲ။” ဟု ဆွေမျိုးနီးစပ်သူတစ်ဦးကပြောသည်။

ယခုအခါ မဟွဲဘွဲ့၏ ရုပ်အလောင်းသည် ပြည်တော်သာရွာသို့ပြန်လည်ရောက်ရှိလာခဲ့ပြီး စက်တင်ဘာ ၆ရက်နေ့ ညနေ၃နာရီခန့်တွင် ခရစ်ယာန်ထုံးတမ်းစဥ်လာနဲ့အညီပြည်တော်သာရွာ၌ပင် မြေမြှုပ်သဂြိုလ်မည်ဖြစ်ကြောင်း သိရပါသည်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်