စစ်ကောင်စီရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဆည်ကြီးရွာကအမျိုးသမီးသေဆုံး

ကလေးမြို့၊ အမြောက်တပ်ကနေ လက်နက်ကြီးဖြစ် မြောက်ဘက်သို့ အကြိမ်ရေများစွာ ရမ်းသမ်းပစ်ခတ်ရာ ဆည်ကြီးရွာထဲသို့ ကျရောက်ပေါက်ကွဲတာကြောင့် အသက် (၆၃နှစ်)အရွယ် အမျိုးသမီးထိမှန်ပြီး ဗိုက်ပွင့်ကာသေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ယနေ့ နိုဝင်ဘာ ၂၁ နံနက် ၁၁း၅၀ အချိန်မှာ ဆည်ကြီးရွာထဲ လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်။ ယင်းလက်နက်ကြီးကျည်က အိပ်ယာထဲလဲနေတဲ့ အစာအိမ်ရောဂါခံစားနေတဲ့ ဒေါ်ရွန်းနိပ်ကင်းမ် (Pi Run Neih Kim) တို့အိမ်ဝန်းထဲကျရောက်ပေါက်ကွဲပြီး ယင်းအမျိုးသမီးသေဆုံးသွားပါတယ်။

photo_2022-11-21_16-17-30

လက်နက်ကြီးကျည်ကြောင့် ဒေါ်ရွန်းနိပ်ကင်းမ်တို့ အိမ်ခေါင်မိုး၊ နံရံများနဲ့ သစ်ပင်များပျက်စီးသွားကြောင်းသိရတယ်။

 

 

နောက်ဆုံးရသတင်းများ

ဒေါ်လာ၁၂သန်းကြောင့် အမေရိကန်ထောက်ပို့ကို CNA/CNF လုပ်ကြံအစ​ဖျောက်ဆိုတဲ့ သတင်းအမှား

မေ ၁၊ ၂၀၂၅။ Zalen အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ချင်းပြည်ကောင်စီ အမေရိကန်ထောက်ပို့ Pu Van Uk Cung ကို ဒေါ်လာ ၁၂ သန်းကြောင့် CNF/CNA ကလုပ်ကြံ အစဖျောက်ဆိုတဲ့ သတင်းကို နေပြည်တော်အမည်ရှိ ...

ဆက်ဖတ်ရန်