စစ်ကောင်စီရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဆည်ကြီးရွာကအမျိုးသမီးသေဆုံး

ကလေးမြို့၊ အမြောက်တပ်ကနေ လက်နက်ကြီးဖြစ် မြောက်ဘက်သို့ အကြိမ်ရေများစွာ ရမ်းသမ်းပစ်ခတ်ရာ ဆည်ကြီးရွာထဲသို့ ကျရောက်ပေါက်ကွဲတာကြောင့် အသက် (၆၃နှစ်)အရွယ် အမျိုးသမီးထိမှန်ပြီး ဗိုက်ပွင့်ကာသေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ယနေ့ နိုဝင်ဘာ ၂၁ နံနက် ၁၁း၅၀ အချိန်မှာ ဆည်ကြီးရွာထဲ လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်။ ယင်းလက်နက်ကြီးကျည်က အိပ်ယာထဲလဲနေတဲ့ အစာအိမ်ရောဂါခံစားနေတဲ့ ဒေါ်ရွန်းနိပ်ကင်းမ် (Pi Run Neih Kim) တို့အိမ်ဝန်းထဲကျရောက်ပေါက်ကွဲပြီး ယင်းအမျိုးသမီးသေဆုံးသွားပါတယ်။

photo_2022-11-21_16-17-30

လက်နက်ကြီးကျည်ကြောင့် ဒေါ်ရွန်းနိပ်ကင်းမ်တို့ အိမ်ခေါင်မိုး၊ နံရံများနဲ့ သစ်ပင်များပျက်စီးသွားကြောင်းသိရတယ်။

Zalen ad

 

 

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ စစ်မှုထမ်းဥပဒေ ရပ်တန့်ရန် ဝါရင့်နိုင်ငံရေးသမားကြီးတွေ စုပေါင်းတောင်းဆို

မတ် ၃၁၊ ၂၀၂၆Zalen နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ ပြည်သူတွေ စိုးရိမ်နေရတဲ့ စစ်မှုထမ်းဥပဒေကို အဆုံးသတ်ဖို့ အချက် ၉ ချက်ပါ တောင်းဆိုချက်ကို PCB က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံရေးဆိုင်ရာ ...

ဆက်ဖတ်ရန်