စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ပြည်တော်သာရွာသား လူငယ်တစ်ဦးပြင်းထန် ထိခိုက်ဒဏ်ရာရ

၂၀၂၃၊စက်တင်ဘာ ၂၀

ကလေးမြို့နယ် မြောက်ပိုင်း၊ပြည်တော်သာရွာသား ကိုထန်မွန်တွောင်သည် ယမန်နေ့(စက်တင်ဘာ ၁၉ရက်နေ့)နံနက် ၈နာရီ ဝန်းကျင်တွင် အောင်မြင်သာကျေးရွာအနီးတွင် စစ်ကောင်စီ၏ ပစ်ခတ်ခြင်းခံခဲ့ရလို့ ဒဏ်ရာအပြင်းအထန်ရရှိကြောင်းသိရတယ်။

ပစ်ခတ်ခံရသူနဲ့ရင်းနှီးတဲ့တစ်ယောက်က”သူ့အစ်ကိုကိုလိုက်ရှာဖို့ အိမ်ကနေထွက်သွားတာပါ။ သူ့အစ်ကိုကလည်း အောင်မြင်သာဘက် လယ်တောထဲ ကိုင်း(ကြွက်)ထောင်သွားမယ်ဆိုပြီး ထွက်သွားတာ အိမ်ပြန်မလာလို့ သူကလိုက်ရှာဖို့ရင်းနဲ့ ပစ်ခံရတာ”လို့ပြောပါတယ်။

ကလေးမြို့နယ်မြောက်ပိုင်းရှိ အောင်မြင်သာရွာ မှာ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကတည်းက စစ်ရေးတင်းမှာမှုရှိပါတယ်။ ယခုအခါ အောင်မြင်သာရွာမှာ စစ်ကောင်စီက တပ်စွဲထားကြောင်း ဒေသခံတွေကပြောပါတယ်။

ပစ်ခတ်ခံရတာနဲ့ပတ်သတ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက”သူ့ကို ကင်းကလူတွေက မသွားဖို့ လှမ်းအော်သေးတယ်။ သူမကြားဘဲ ဆိုင်ကယ်ဆက်မောင်းသွားတာ။ စစ်ရေးတင်းမှာမှုကြောင့် ဘယ်သူ့ကိုမှ သွားလာခွင့်မပေးသလို ဘယ်သူမှလဲသွားတာမျိုးမလုပ်ဖူးပါဘူး။ သူက အောင်မြင်သာရွာ အနီး စစ်ကောင်စီ ဘန်ကာနဲ့ မီတာ ၁၀၀လောက်ထိ ကပ်သွားခဲ့တာပါ။သေနတ်သံကြားတော့ ဆိုင်ကယ်ကိုထားခဲ့ပြီး နောက်ပြန်ပြေးရင်းနဲ့ စစ်ကောင်စီရဲ့ ကျည်ဆံက နောက်ကျောပခုံးနားကနေမှန်သွားတာ”လို့ပြောပါတယ်။

ပစ်ခတ်ခံရသည့် ကိုထန်မွန်တွောင် သည်အသက်၃၂ရှိပြီဖြစ်ပြီး ယခုအခါဆေးကုသမှုခံယူ နေရကြောင်းသိရတယ်။ ဒေသခံများပြောကြားချက်အရ ပျောက်ဆုံးနေတဲ့ ပြည်တော်သာရွာသားကို အောင်မြင်သာအနီးမှာ စစ်ကောင်စီရဲ့ဖမ်းဆီးခံရတယ်လို့ယူဆပြီး အတိကျမသိရသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ရက်တွင်လည်း စစ်ကောင်စီရဲ့အကြမ်းဖက်နှိပ်စက်မှုကြောင့် ပြည်တော်သာရွာသူ အသက်၃၁အရွယ်အမျိုးသားမီးတစ်ဦးသေဆုံးခဲ့ရပါတယ်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်