စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးတောင်ပိုင်းတွင် အရပ်သား ၅ဦး ထိခိုက်သေဆုံး

စက်တင်ဘာ ၂၅၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးတောင်ပိုင်း၊ ကြံသာရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်၏ လက်ဝေခံ ပျူစောထီး တပ်က စက်တင်ဘာ ၁၉ရက်၌ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ကျောင်းသားလူငယ် တစ်ဦး သေဆုံးကာ အရပ်သားပြည်သူ ၅ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိပါသည်။

ပျူစောထီးအဖွဲ့သည် ကြံသာရွာ ကျောက်ခွဲစက် မှ အနီးနားရှိကျေးရွာများကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ရှားဘိုကျေးရွာနေ ကျောင်းသား၂ဦးနှင့် အမျိုးသမီးတစ်ဦး၊တင်သားရွာမှ အမျိုးသားတစ်ဦးနှင့် ရေရှင်ရွာမှ အမျိုးသားတစ်ဦး စုစုပေါင်း ၅ဦးလက်နက်ကြီးထိမှန်ကာ ရှားဘိုရွာနေ ကျောင်းသားတစ်ဦးမှာ ဆေးကုသနေစဥ် သေဆုံးသွားခဲ့သည်ဟု ဒေသခံများကပြောသည်။

“ကြံသာ ကျောက်ခွဲစက်ကနေလှမ်းထုတာ။ တိုက်ပွဲဖြစ်နေတာလည်းမဟုတ်ဘူး။ လက်နက်ကြီးထုတာတော့ ပုံမှန်ပါပဲ။ အရပ်သား ၅ယောက် ထိတာပေါ့နော်။ ကျောင်းသားတစ်ယောက်တော့ ဒဏ်ရာပြင်းထန်လို့ဆုံးသွားတယ်” ဟု ရှားဘိုရွာသားတစ်ဦးကပြောသည်။

ကလေးမြို့ထဲတွင်လည်း စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးရသူ အရပ်သား ၅၀ကျော်ရှိပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်မှ သိရသည်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်