စစ်ကောင်စီသား၊သမီးများကျောင်းလိုက်ပို့တဲ့ စစ်ကားကို CNDF ကပစ်ခတ်

၁၉၊ ဖေဖော်ဝါရီလ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ခလရ ၂၆၈ တပ်ရင်းက စစ်ကောင်စီ သား၊ သမီးများ ကျောင်းလိုက်ပို့တဲ့ စစ်ကားတစ်စီးကို ယနေ့ မနက် ၈ နာရီဝန်းကျင်းတွင် CNDF တပ်ဖွဲ့က ပစ်ခတ်လို့ ထိခိုက်သေဆုံးမှုများရှိတယ်လို့ သတင်းရရှိပါတယ်။

CNO ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျူံးငိုင်းက “ကျနော်တို့အဖွဲ့ပစ်တာမှန်ပါတယ်။ တပ်ကုန်းကနေဆင်းလာတုန်း ကျင်မွှာလ်ရပ်ကွက်မှာ ကျနော်တို့ရဲဘော်တွေက ပစ်တယ်။ စစ်ကားပေါ်မှာ စစ်ကောင်စီတပ်သား ၅ ယောက်လည်းပါတယ်။ အခုလိုပစ်တာက မြို့ထဲမှာ ရမ်းကားလာလို့။ ပြီးတော့ CDM မဝင်သေးတဲ့သူတွေ ဝင်လာစေချင်တယ်။ စစ်ကောင်စီဘက်ကလူတွေဆို လက်နက်နဲ့ဝင်လာရင် ဆုကြေးငွေချီးမြှင့်မယ့်အပြင် လုံခြုံတဲ့နေရာထိပို့ပေးမယ်” လို့ပြောပါတယ်။

ယင်းပစ်ခတ်မှုကြောင့် ယာဉ်မောင်းသေဆုံးပြီး ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ အနီးနားမှာရှိတဲ့ ဒေသခံတွေကဆိုပါတယ်။ နေ့လည်ပိုင်းတွင် ဖလမ်းမြို့မှာ စစ်ရဟတ်ယာဉ်တစ်စီးဆင်းလာပြီး တပ်ကုန်းကနေ လိုင်လွန်ဂူဘက်သို့ လက်နက်ကြီးကို ရမ်းသမ်းပစ်ခတ်ကြတယ်လို့သိရတယ်။

သတင်း-EP

နောက်ဆုံးရသတင်းများ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၀ဉ (ဖျံဉ) စိုက်ခင်း မြေပြို၊ စပါး ၊ပဲ၊ပြောင်းတွေလည်း ပိုးစားလို့ အပင်များ သေဆုံး

(Below English Version) စက်တင်ဘာ ၄၊၂၀၂၅ Zalen မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် ၁၂ ဘက်ဒေသတွေမှာ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် တောင်သူတွေစိုက်ပျိုးထားတဲ့ ၀ဉ (‌ဖျံဉ) စိုက်ခင်းတွေ မြေပြိုပျက်စီးပြီး စပါး ၊ ...

ဆက်ဖတ်ရန်