စစ်ကောင်စီ၏ သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသအဖြစ် ၂ လ သက်တမ်းတိုးပြီး နှစ်ပတ်ကြာမှာ ဆန် ၈ ဗူးစီ ထောက်ပံ့

စစ်ကောင်စီ၏ သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသအဖြစ် (၂) လ သက်တမ်း တိုးမြင့်ပြီးနောက် ၂ ပတ်အကြာမှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ လေဘေးသင့် ချင်းပြည်သူများအား ဆန် ၈ ဗူး စစ်ကောင်စီက ဇူလိုင်လ ၂၉ ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

“အုပ်ချုပ်ရေးမှူးက တစ်အိမ်ကို ၃၀၀ ကျပ်စီ လမ်းစရိတ်ကောက်ပြီး မြေပုံမြို့မှာ ဆန်သွားထုတ်တယ်၊ အိမ်‌ထောင်စု တစ်စုကို ဆန် ၈ ဗူး စီရတယ်၊ မုဆိုမနဲ့ မုဆိုးဖို ဆိုရင် ၄ ဗူး စီဘဲ ရတယ်”ဟု လေဘေးသင့် ချင်းပြည်သူ တစ်ဦးက ပြောပါသည်။

စစ်ကောင်စီက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် အရှိန်အဟုန်မြင့်တင်ဆောင်ရွက်ရန် ရခိုင်ပြည်နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသအဖြစ် ၂ လ သက်တမ်းတိုးမြင့်ကြောင်းကို ဇူလိုင်လ (၁၄)ရက်နေ့ ကြေညာခဲ့သည်။

မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသည့် မြေပုံမြို့နယ်၊ ဒုံချောင်းရွာ၊ သရက်တောရွာ၊ ငရွှေပြင်တောင်ရွာ၊သိုင်းကျကျေးရွာ ၊လေးတူရွာရှိ လေဘေးသင့် ချင်းပြည်သူများသည် ယနေ့ထိ စစ်ကောင်စီ၏ ထောက်ပံ့မူ ဆန် ၂၀ ဗူး၊ သွားတိုက်ဆေး ၂ ဗူး၊ မာမီခေါက်ဆွဲ ၂ ထုတ် ဆီ ၁၅ ကျပ်သား သာရရှိပြီး၊ ထိခိုက်ပျက်စီးသွားသည့် လူနေအိမ်များကို ကိုယ်ထူ၊ ကိုယ်ထဖြင့်သာ ပြန်လည်ပြုပြင်ပြီး နေကြရသည်။

 လက်ရှိ မြေပုံမြိုနယ်တွင် ရိုးရိုးဆန် (၁)အိတ် (၇၀၀၀၀)ကျပ်၊ အလတ်စားဆန် (၁) အိတ် (၈၀၀၀၀)ကျပ်၊ ပေါ်ဆန်မွှေးဆန် (၁)အိတ် (၁၀၀၀၀၀)ကျပ်၊ ကြက်ဥ (၁)လုံး (၃၀၀)ကျပ်၊ ငါးခြောက် တစ်ပိဿ (၁၂၀၀၀)ကျပ် ထိရှိသည်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်