စစ်ဘေးရှောင်မသန်စွမ်း အမျိုးသမီးငယ်တစ်ဦး ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် သေဆုံး

၄၊ စက်တင်ဘာ ၂၀၂၄

Zalen

မဏိပူပြည်နယ် အန္ဒိယ-မြန်မာနယ်စပ် ဥခရုလ်ခရိုင် မှာ စစ်ရှောင်ခိုလှုံနေတဲ့ မြန်မာစစ်ဘေးရှောင် ၁၅နှစ်အရွယ် အမျိုးသမီးငယ် မ ပီးငိုင်းလျှင်ဟာ ကာလဝမ်းရောဂါကြောင့် ဩဂုတ်လ ၂၆ရက်နေ့က သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးငယ်ဟာ ‌မွေးကသည်းက ပိုလီယိုရောဂါကြောင့် မသန်စွမ်းဖြစ်နေတာတာလို့ စစ်ရှောင် တစ်ဦးက ပြောပါတယ်။

ဇူလိုင်လကနေစပြီး မိုးအဆက်မပျက် ရွာသွန်းနေလို့ ၎င်းဒေသမှာ ရေကြီး ရေလျှံမှု ဖြစ်ပွားပြီး စစ်ဘေး ရှောင်များခိုလှုံနေတဲ့ နေရာတွေ ရေလွှမ်းမှု ကြောင့် သောက်သုံးရေး မသန့်ရှင်းလို့ စစ်ဘေးရှောင် အချိုး ကာလဝမ်းရောဂါ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

” ကျမတို့ နေတဲ့နေရာမှာ မိုးတအားရွာတော့ ရေကမသန့်တော့ဘူးရှင့်။ ချောင်းရေက ကြီးလာတော့ ကျမတို့လည်း ကပြာ ကယာရွေ့ရတာ။ ရေမသန့်ရှင်းလို့ ဝမ်းရောဂါတွေအဖြစ်များတယ်။ အခုသေဆုံးသွားတဲ့ ကလေးမကလည်း သောက်ရေမသန့်ရှင်းလို့ ဖြစ်သွားတာပါ” လို့ မိသားစုနဲ့နီးစပ်တဲ အမျိုးသမီး တစ်ဦးက Zalen ကိုပြောပါတယ်။

တမူးအထက်ပိုင်း မြို့သစ်မြို့နယ်က ကျေးရွာရှိ ဒေသခံများဟာ ယခုနှစ် ဖော်ဖော်ဝါရီလ ကတည်းက စစ်ရေး အခြေနေကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြတာဖြစ်ပြီး ယခုသေဆုံးသွားတဲ့တဲ့ မသန်စွမ်း အမျိုးသမီးငယ်ဟာ စေတီကျေးရွာ ဒေသခံ မိဘမဲ့ တစ်ဦးဖြစ်တယ်လို့လဲ သိရပါတယ်။

အဆိုပါဒေသမှာ အိမ်ထောင်စုပေါင်း ၄၀၀ ကျော် စစ်ဘေးခိုလှုံနေကြတာဖြစ်ပြီး စစ်ဘေးရှောင်များဟာ ကာလဝမ်းရောဂါ၊ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါ တွေကူးဆက်ခံစားနေရလို့ စစ်ရှောင်များအတွက် ကျန်းမာရေး စောင့်လျောက်မှု့လိုအပ်နေတယ်လို့ လည်းပြောပါတယ်။

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်