စစ်‌ေကာင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၂၉ ဦး လက်နက်နဲ့အတူဘင်္ဂလားဒေ့ရှ်နိုင်င်ငံကို ထွက်ပြေး ပြန်

၁၂၊ မတ်လ၊၂၀၂၄

Zalen

ရခိုင်ပြည်နယ် အတွင်းရှိစစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၂၉ ဦးဟာ ငတ်မွတ်မှုကြောင့် မတ်လ ၁၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခိုလှုံခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြည်တွင်း သတင်းဖြစ်တဲ့ Dhakha Tribune က ဖော်ပြပါတယ်။

“စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးတို့ဟာ သူတို့ရဲ့အဖွဲ့တွေနဲ့ကွဲသွားခဲ့ပြီး နယ်စပ်မှာရှိတဲ့ Nomanland မှာ ရက် အနည်းငယ်ပုန်းအောင်းခဲ့ကြတယ်။အဲဒီနေရာမှာ ရက်အနည်းငယ်နေထိုင်ပြီးနောက် စားနပ်ရိက္ခာ ကျပ်တည်း လာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်လာခဲ့ကြတယ်”လို့ ဖော်ပြထားပါတယ်။

ဝင်ရောက်ခိုလှုံလာသူများရဲ့ လက်နက်ခဲယမ်းများကို တာဝန်ရှိသူများက သိမ်းဆည်းပြီးနောက် သူတို့ကို အကျဉ်းစခန်းကို ခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်ကနေ ၇ ရက်နေ့အထိနှစ်နိုင်ငံနယ်စပ် နားက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦးတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ဖေဖော်ဝါရီလ ၁၅ ရက်မှာ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါ တယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

တမူးမြို့နယ်မှာ ထိတွေ့တိုက်ပွဲတစ်ခုဖြစ်ပွား

ဒီဇင်ဘာ ၂ရက်၊ ၂၀၂၅။ Zalen စစ်‌ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုကြား ထိ‌တွေ့တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သတင်းအရင်းအမြစ်များဆီက သိရပါတယ်။ ဒီဇင်ဘာ ၁ရက် မနက်အစောပိုင်းက တော်လှန်ရေးအင်အားစုများက တမူးမြို့နယ် စစ်ကောင်စီတပ်များ ဂိတ်ချထားတဲ့ တမူးမြို့အဝင် ...

ဆက်ဖတ်ရန်