စအိုအတွင်းသိုဝှက်လာတဲ့ မူးယစ်ဆေးများ ကလေးမြို့မှာဖမ်းမိ

တမူးမြို့မှ ကလေးမြို့သို့သွားတဲ့ ရွှေကဘော်ခရီးသည်တင်မော်တော်ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ လူ(၃)ဦးက စအိုအတွင်းသိုဝှက်သယ်ဆောင်လာတဲ့ မူးယစ်ဆေး ကျပ်(၁၄)သိန်းဖိုးကို သြဂုတ်လ(၂၄)ရက်ညနေပိုင်းတွင် ကလေးမြို့ မူးယစ်တပ်ဖွဲ့စုကဖမ်းမိတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းအရ ကလေးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာအဝင် နန်းကျစ်လှောက်တံတားအနီးတွင် မူးယစ်တပ်ဖွဲ့စု(၅)က စောင့်ဆိုင်းနေစဉ် တမူးမြို့ဘက်မျ ကလေးမြို့သို့မောင်းနှင်လာတဲ့ ရွေကဘော်မော်တော်ယာဉ်ကို ရပ်တန့်စေပြီး အောင်နိုင်ဝင်း(၃၃ နှစ်)၊ မထောင်နိုင်လမ်း(ခ)နှင်းဆီ( ၂၂ နှစ်)၊နဲ့ ကိတ်ကပ်ထန်(ခ)မောင်မောင်(၂၅ နှစ်)တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့စအိုအတွင်းသိုဝှက်လာတဲ့ မူးယစ်ဆေးဝါး ကျပ်(၁၄)သိန်းဖိုးကို လက်ဝယ်တွေ့ရျိသဖြင့် မယ(ပ)၁၁၁/၁၈၊ မူးစိတ်ပုဒ်မ-၁၉(က)ဖြစ်အသီးသီးအမှုဖွင့်ထားကြောင်း ကလေးမြို့ ရဲမှတ်တမ်းအရသိရတယ်။

နောက်ဆုံးရသတင်းများ

နာဂလက်နက်ကိုင်အချင်းချင်းကြား ညှိနှိုင်း ဆွေးနွေးအဖြေရှာကြဖို့ နာဂကျောင်းသားများ သမ္မဂ တိုက်တွန်း

ဇန်နဝါရီ ၂၉၊ ၂၀၂၆။ Zalen စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသမှာ နာဂလက်နက်ကိုင် ၂ဖွဲ့ကြား အပြန်အလှန်တုန့်ပြန် ပစ်ခတ်တိုက်ခိုက်နေမှုကို နာဂကျောင်းသားများသမ္မဂမှ ပြစ်တင်ရှုံ့ချပြီး နှဖက်တွေ့ဆုံညှိနိုင်း ဆွေးနွေး အဖြေရှာကြဖို့ ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ နာဂဒေသမှာ ...

ဆက်ဖတ်ရန်