စာသင်ကျောင်းချစားတာကြောင့် အိမ်ငှားပြီးစာသင်လာတာ(၃)နှစ်ရှိပါပြီ

ပလက်ဝမြို့နယ်နဲ့ အိန္ဒိယနယ်စပ်မှာရှိတဲ့ ပါရာကျေးရွာမှာ စာသင်ကျောင်းများ ချစား၍ပျက်စီးတာကြောင့် ရွာထဲအိမ်ငှားပြီး စာသင်လာတာ သုံးနှစ်ရှိပြီးလို့ ကျေးရွာဥက္ကဌဟောင်းတစ်ဦးကပြောပါတယ်။

၎င်းတို့ကျေးရွာဟာ ပလက်ဝမြို့နဲ့ မိုင်(၁၀၀)ဝေးပြီး ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမှာပင် လွှတ်တော်ကိုယ်စားလှယ်များမရောက်ခဲ့တဲ့ရွာလည်းဖြစ်ပါတယ်။ ပလက်ဝကနေ ပါရာရွာကို စက်လှေနဲ့ လေးရက်ကြာသွားရပါတယ်။

ပါရာကျေးရွာ ပြမြေပုံ

ပါရာရွာမှာ (၁၂)နှစ်ကြာကျေးရွာဥက္ကဌလုပ်ခဲ့တဲ့ ဦးဌေးကြည်က “၂၀၁၂ ခုနှစ်မှာ မြေပြိုလို့ ကျောင်းကိုဖျက်ပြီး အစိုးရထောက်ပံ့ကြေး သိန်း(၁၀၀)နဲ့ရွာခံအင်အားနဲ့ဆောက်တယ်။ ပိုက်ဆံကမလောက်လို့ သစ်သားဟောင်းတွေပြန်သုံးတယ်၊ အဓိက သံဖိနပ်မတပ်နိုင်လို့ ချတွေတက်လာတော့ အကုန်ပျက်စီးတယ်။ ဒါကြောင့် KG ကနေ သုံးတန်းကလေးတွေကို ရွာရဲ့ နှစ်တရာပြည့်အဆောက်အအုံးမှာစာသင်ကြတယ်။ တခြားတန်းတွေတော့ အနီးနားကအိမ်တွေမှာ စာသင်ရတယ်။ အိမ်ရှင်တွေကတော့ အခမဲ့ငှားထားပေမယ့် သူတို့လည်း ညအိမ်၊ထမင်းချက်လည်းလိုတော့ အရမ်းအားနားဖို့ကောင်းတယ်။ တခြားဒေသကနေလာတဲ့ ကျောင်းဆရာ၊မ (၄)ယောက်ရှိတယ်။ ဝန်ထမ်းအိမ်ရာလည်းမရှိတော့ ရွာက ဝါးနဲ့အိမ်လေးတွေဆောက်ပေးထားတဲ့နေရာမှာပဲနေကြတယ်။ ဒီနှစ်မှာ (၈)တန်းထိ အဆင့်တိုးပေးတယ်။ ဒါပေမယ့် မူလတန်းပြက (၄)ယောက်၊ အလယ်တန်းပြက တစ်ယောက်ပဲရှိတယ်။ ဒါကြောင့် ကျောင်းသားမိဘတွေက ရွာထဲက ဆယ်တန်းအောင်ရော၊ ဆယ်တန်းမအောင်ကော (၃)ယောက်ငှားထားတယ်။ ဒီနှစ်စာသင်တဲ့ကာလမှာပဲ အစိုးရချပေးတဲ့ ဆရာ(၂)ယောက်ပြောင်းသွားတော့ ထပ်ငှားရအုံးမယ်။ ဆရာ၊မငှားရမ်းခက ပိုက်ဆံနဲ့မပေးရပေမယ့် သူတို့တောင်ယာခုတ်ပေးရတယ်၊ ပေါင်းရှင်းပေးရတယ်။ စပါးပေါ်တဲ့ချိန်မှာ အိမ်ထိသယ်ပေးရတယ်”လို့ပြောပါတယ်။

ပါရာအလယ်တန်းကျောင်းဟာ ၁၉၅၃ ခုနှစ်က စတင်ဖွင့်လှစ်ပြီး ဒီနှစ်ကျောင်းသူ၊သား စုစုပေါင်း(၁၉၀)ခန့်ရှိပါတယ်။

၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်နဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွေ ကျောင်းဆောင်သစ်ဆောက်ဖို့ ဘတ်ဂျက် ယာထားချက်မှာပါပေမယ့် အတည်ပြုချက်ထဲမှာ ပယ်ဖျက်ခြင်းခံခဲ့ရတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်