ဆမီးမြို့ ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၄ ဦး CDF ပလက်ဝထံ အလင်းဝင်

၁၅၊ ဒီဇင်ဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့က ရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝထံ လက်နက်အပြည့်စုံဖြင့် အလင်းဝင်လာတယ်လို့ CDF(ပလက်ဝ)ထံက သိရှိရပါတယ်။

အဲ့ဒီ ရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ ဆမီးမြို့ အမှတ် ၂ ရပ်ကွက် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့က CDF-ပလက်ဝထံ လက်နက်အပြည့်စုံနဲ့ အလင်းဝင်ရောက်လာပြီး ၎င်းတို့ကို ဘေးကင်းလုံခြုံတဲ့ နေရာသို့ပို့ဆောင်ပေးခဲ့တယ်လို့ CDF ပလက်ဝက Zalen ကိုပြောပါတယ်။

Zalen ad

” ဆမီး ရဲစခန်းက ရဲ ၄ ဦး လက်နက်အပြည့်စုံနဲ့ ၁၂ ရက်နေ့က ကျွန်တော်တို့ CDF ပလက်ဝထံ အလင်းဝင်လာပါတယ်။ အဲ့ဒီ ရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ ဘယ်သေနတ်အမျိုးနဲ့ ဘယ်ရာထူးလဲဆိုတာတော့ မသိရသေးဘူး။ အခုသူတို့ကို လုံခြုံတဲ့နေရာ ရောက်ပြီးလို့ ပြောပါတယ်။ အသေးစိတ်တော့ နောက်မှ အဖွဲ့က ထုတ်ပြန်မယ်ထင်တယ်။” ဟု ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က ၎င်းရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ သေနတ် ၄ လက်နဲ့ ထွက်ပြေးသွားတယ်လို့ဆိုကာ ဆမီးရဲစခန်းနဲ့ ဆမီးဗျူဟာကုန်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြို့အနှံလိုက်ရှာသေးတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒါ့အပြင် CDF ပလက်ဝထံ နိုဝင်ဘာ ၂၉ ရက်နေ့က ရှင်းလက်ဝ တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ ၂ ဦး၊ ဒီဇင်ဘာ ၇ ရက်နေ့က ရှင်းလက်ဝ ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၈ ဦး စုစုပေါင်း ၁၀ ဦး အလင်းဝင်လာပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

လေးလအတွင်း တိုက်ပွဲတွေမှာ CDF KKG တပ်စုမှူးအပါအဝင် ၁၂ ဦး ကျဆုံး

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးတပ် ကလေး- ကဘော်- ဂန့်ဂေါ (CDF KKG ) အဖွဲ့ရဲ့ တပ်စုမှူး အပါအ၀င် ရဲဘော် ၁၁ ...

ဆက်ဖတ်ရန်