ဆယ်တန်းစာမေးပွဲဖြေဆိုချိန်တွင် မတူပီမြို့နယ်အတွင်းလမ်းများအားလုံး ပိတ်မည်ဟုဆို

စစ်ကောင်စီလက်အောက်က တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမယ့် မတ်လ ၈ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် စတင်ဖြေဆိုမည်ဖြစ်ရာ စာမေးပွဲ စတင်ဖြေဆိုသည့် အချိန်က စပြီး စစ်ကောင်စီက မတူပီမြို့နယ် တစ်မြို့နယ်လုံးက လမ်းများအားလုံးပိတ်မည်ဟု စစ်ကောင်စီက ပြောကြောင်း မြို့ခံများက ပြောပါတယ်။

မတူပီဟာ လက်ရှိအချိန်မှာတော့ စားနပ်ရိက္ခာပြတ်လပ်နေသော မြို့တစ်မြို့ဖြစ်ပြီး ပြည်မဘက်ကနေ ဆန်ဝင်ရောက်လာခြင်းလည်း မရှိသလို မတူပီမြို့နယ်က ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးမရှိသောကြောင့် ရွာသားများကလည်း မြို့ပေါ်ဝင်ရောက်နိုင်ခြင်းမရှိသောကြောင့် ရွာဘက်က ဆန်ဝင်ရောက်ရန်လည်း ခက်ခဲနေတာဖြစ်ပါတယ်။

မြို့ခံများကတော့ ဖုန်းလိုင်းကိုလည်း အမြန်ဆုံး ဖွင့်ပေးပြီး ပြတ်လပ်နေသော စားနပ်ရိက္ခာပြဿနာကို စစ်ကောင်စီက အမြန်ဆုံး ဖြေရှင်းပေးစေလိုကြောင်းလည်း ဆိုကြပါတယ်။

မတူပီမြို့တွင် စားနပ်ရိက္ခာများ ပြတ်လပ်ပြီး လူမှုနေထိုင်မှုဘဝ အလွန်ကြပ်တည်းလာသောကြောင့် မြို့ပေါ်က လူအများစုကလည်း ရန်ကုန်ဘက်ကို ထွက်ပြေးနေကြပြီး မြို့ပေါ်က အသက်ကြီးပိုင်း အများစုလည်း နေရပ်စွန့်ခွာကာ အခြားနေရာကို သွားရောက်ခိုလှုံနေကြကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်