ဆိုင်ကယ်ဒေါက်မဖြုတ်ဘူးလို့ပြောရာမှ အုပ်စုလိုက်ဝိုင်းရိုက်လို့ဒဏ်ရာပြင်းထန်စွာရ

ရှေ့မှာသွားနေတဲ့ ဆိုင်ကယ်ကို လက်ညိုးထိုးပြီး ဆိုင်ကယ်ဒေါက်မဖြုတ်ဘူးလို့ပြောရာမှ ကလေးမြို့ ကြုံ့သုံးပင်ရပ်ကွက်မှာ လူနှစ်ယောက် အုပ်စုလိုက်ဝိုင်းရိုက်ခံရလို့ နဖူးမှာဒဏ်ရာပြင်းထန်စွာရရှိတယ်လို့ သိရတယ်။

ဖြစ်စဉ်မှာ ကလေးမြို့နယ် မွင်လိုင်ရပ်ကွက်မှာနေထိုင်တဲ့ ဦးခိုင်ထွန်မန်(၄၃နှစ်)နဲ့ ကိုဟောင်စွမ်ခွာလ်(၂၅နှစ်)တို့ဟာ သြဂုတ်လ(၁၅)ရက် ည (၈)နာရီနဲ့(၉)နာရီကြားမှာ တောင်ပေါ်ကအမျိုးတစ်ယောက် နာမကျန်းဖြစ်လို့ဆိုင်ကယ်နဲ့ဆင်းလာရာ ဆိုင်ကယ်မီးပျက်သဖြင့် သွားရောက်ကြိုဆိုရန် ဆိုင်ကယ်တစ်စီးနဲ့ သွားကြတယ်။ ကြုံ့သုံးပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့အရောက်မှာ ရှေ့ကဆိုင်ကယ်တစ်စီးဒေါက်မဖြုတ်တာကို လက်ညိုးထိုးပြီး ဆိုင်ကယ်ဒေါက်မဖြုတ်ကြောင်းပြောရာမှ မိမိတို့ဆိုင်ကယ်ဒေါက်မဖြုတ်တာ မင်းတို့နဲ့ဘာဆိုင်လဲဆိုပြီး ၎င်းတို့ဆိုင်ကယ်ရှေ့မှာလာရပ်ကာ လူ(၉)ယောက်ခန့်က ချုပ်ပြီးကျောက်ခဲနဲ့ထုရာမှာ  ဦးခိုင်ထွန်မန်(၄၃နှစ်)ရဲ့ နဖူးမှာ (၄)လက်မပေါက်ဖြဲဒဏ်ရာရရှိပြီး၊ ကိုဟောင်စွမ်ခွာလ်(၂၅နှစ်)ဦးခေါင်း နှစ်နေရာမှာဒဏ်ရာရရှိလို့ လေးကြိမ်ချုပ်ခဲ့ရတယ်လို့သိရပါတယ်။ ဝိုင်းရိုက်နှိပ်တဲ့သူတွေက ခင်သာရွာက လူတွေလို့သိရပါတယ်။

ယင်းအမှုလိုက်ပါဆောင်ရွက်ပေးတဲ့ သူတစ်ယောက်က “ဒဏ်ရာက ရှေးဦးသူနာပြုနည်းနဲ့ပြုစုလို့ရတယ်၊ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်စရာမရှိတာကြောင့်၊ နောက်ထပ်စိတ်ဖိစီးစရာတွေမဖြစ်ချင်လို့ ရဲစခန်းမှာ အမှုဖွင့်တာ၊ တိုင်တာတွေမလုပ်တော့တာပါ”လို့ပြောပါတယ်။

ယခုနှစ် ဇွန်လ(၁၉)ရက်ညမှာလည်း ချင်းတောင်ကျေးရွာကနေ တာဟန်းမှာ ဆိုင်ကယ်ပြုပြင်သင်တန်းလာတက်တဲ့ အသက်(၁၉)နှစ်အရွယ်ယောကျ်ားလေးတစ်ယောက်ကို ကြုံ့သုံးပင်ရပ်ကွက်မှာ လူတစ်စုကဝိုင်းရိုက်ခံရလို့သေဆုံးခဲ့ရတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

နာဂလက်နက်ကိုင်အချင်းချင်းကြား ညှိနှိုင်း ဆွေးနွေးအဖြေရှာကြဖို့ နာဂကျောင်းသားများ သမ္မဂ တိုက်တွန်း

ဇန်နဝါရီ ၂၉၊ ၂၀၂၆။ Zalen စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသမှာ နာဂလက်နက်ကိုင် ၂ဖွဲ့ကြား အပြန်အလှန်တုန့်ပြန် ပစ်ခတ်တိုက်ခိုက်နေမှုကို နာဂကျောင်းသားများသမ္မဂမှ ပြစ်တင်ရှုံ့ချပြီး နှဖက်တွေ့ဆုံညှိနိုင်း ဆွေးနွေး အဖြေရှာကြဖို့ ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ နာဂဒေသမှာ ...

ဆက်ဖတ်ရန်