ဆိုင်ဟာခရိုင်မှ မြန်မာဘက်သို့ စက်သုံးဆီခိုးထုတ်မှု အာဏာပိုင်တွေ အရေးပေါ်ပိတ်ပင်

မတ် ၂၃၊ ၂၀၂၆
Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟာခရိုင်အတွင်းရှိ စက်သုံးဆီတွေကို အိမ်နီးချင်း မြန်မာနိုင်ငံဘက်သို့ တရားမဝင် မှောင်ခိုပို့ဆောင်နေမှုတွေကို တားမြစ်တဲ့ အရေးပေါ်အမိန့်ကို ခရိုင်အုပ်ချုပ်ရေးမှူးက မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ထုတ်ပြန်ချက်မှာ ဆီဆိုင်များအနေနဲ့ ဓာတ်ဆီ ၅၀၀ လီတာ နဲ့ ဒီဇယ် ၁,၀၀၀ လီတာ ထက်ပို၍ ရောင်းချခြင်းမပြုဖို့ တားမြစ်ထားပြီး ထိုပမာဏထက် ပိုမိုဝယ်ယူလိုပါက တရားဝင် သိုလှောင်ခွင့်လိုင်စင် တင်ပြနိုင်ရမည်ဖြစ်ပါတယ်။

Zalen ad

ဒေသတွင်း ဆီဆိုင်အချို့သည် သတ်မှတ်ဈေးထက်ပို၍ မြန်မာနိုင်ငံဘက်သို့ မှောင်ခိုခိုးထုတ်ရောင်းချနေခြင်းကြောင့် ခရိုင်အတွင်း ဆီပြတ်လပ်မှုနဲ့ပြည်သူတွေ အခက်အခဲဖြစ်ပေါ်လာနိုင်ခြင်းကို ကာကွယ်ရန်ဖြစ်တယ်လို့ ဆိုပါတယ်။

အခုတားမြစ်မိန့်ကို အိန္ဒိယနိုင်ငံသားကာကွယ်ရေးဥပဒေ (BNSS) ပုဒ်မ ၁၆၃ အရ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်သည့်နေ့မှစ၍ (၂) လတိတိ အတည်ဖြစ်မည်ဖြစ်ပါတယ်။

၎င်းအမိန့်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ၂၀၂၃ ခုနှစ်၊ အိန္ဒိယတရားစီရင်ရေးဥပဒေ (BNS) ပုဒ်မ ၂၂၃ အရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုပါတယ်။

လက်ရှိမှာ နယ်စပ်ဖြတ်ကျော် ဆီခိုးထုတ်မှုများကို ထိရောက်စွာ ဟန့်တားနိုင်ရန် အာဏာပိုင်တွေက တင်းကျပ်စွာ စောင့်ကြည့်လျက်ရှိကြောင်း သိရပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

တွန်းဇံဘက်မှာ PDA တပ်စခန်းကို ZRA ၀င်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် CDF-Tonzang က စကစနဲ့ ဆက်လက်ပူးပေါင်းနေမယ်ဆိုရင် ပြန်လည်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်

=========== မတ်၂၃ ၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ တီးတိန်မြို့နဲ့ တွန်းဇံမြို့နယ်ကြားက ဂဲလ်ဇန်း (Geel Zaang) ကျေးရွာရှိ ချင်းလဲန်းကောင်စီတပ်ဖွဲ့၀င်ဖြစ်တဲ့ PDA တပ်စခန်းကို  ဇိုမီးတော်လှန်ရေးတပ် (ZRA) အဖွဲ့က ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ...

ဆက်ဖတ်ရန်