ယောနယ် နဲ့ ချင်းပြည်နယ် အစပ် ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်

မတ် ၂၃၊၂၀၂၆
Zalen

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ် နဲ့ မကွေး တိုင်း ယောဒေသ ၊ ထီးလင်း ၊ကျောက်ထု အစပ်ကို ယမန်နေ့ နေ့လည် ၁၂ နာရီ၀န်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီက မကွေးတက် ဂျက်ဖိုက်တာယာဉ်အမျိုးအစား ၂စီး နဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

“ရွှေအောင်သာအရှေ့ဘက် တာဝါတိုင်နားတွေမှာ မီးခိုးတွေထွက်နေတယ် ။ ရောက်လာမှ အသံကြားရတာ။ ဗုံးကွဲသံတွေလည်း အရမ်းကျယ်တယ်။” လို့ ဒေသခံ အမျိုးသမီးတစ်ဉီးက Zalen ကိုပြောပါတယ်။

Zalen ad

အဲဒီ တိုက်ခိုက်မှုမှာ ဗုံးသီး ၊ ရော့ကက် တွေနဲ့ ပစ်ခတိ ခဲ့တာဖြစမပြီးလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက် ၊ ပျက်စီးတာတွေ ရှိနိုင်ပေမယ့် အသေးစိတ်အချက်အလက်ကတော့ မသိရသေးဘူးလို့ သူမ က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တုန်းကလည်း အဆိုပါ တာဝါတိုင် နေရာကို စစ်ကောင်စီလေကြောင်းကနေ နှစ်ကြိမ် ဗုံးသီး ၆ လုံး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲပါတယ်။

သတင်း – ယောနေ
ဓာတ်ပုံ – HKL

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့ကို သိမ်းဖို့လာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ် စစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ပိတ်မိနေ

မေ ၁၆၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့ကို သိမ်းပိုက်နိုင်ဖို့ အရပ်မျက်နှာ သုံးဘက်ကနေ ဝိုင်းပတ်ပိတ်ဆို့ ညှပ်တိုက်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ်ဖွဲ့တွေဟာ လမ်းခုလတ်တွေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံးများပြားကာ ရှေ့ဆက်မတိုးနိုင်ဘဲ ...

ဆက်ဖတ်ရန်