မကွေးတိုင်း၊ ဆောမြို့က ကြံ့ခိုင်ရေးပါတီရုံး နဲ့ ကြံ့ခိုင်ရေးပိုင် စားသောက်ဆိုင်အပါအဝင် အစိုးရရုံး ၇ ခုဟာ ယနေ့ ဇန်နဝါရီ ၄ ရက် မနက် ၄း၁၅ နာရီကမီးလောင်သွားတယ်လို့သတင်းရရှိပါတယ်။
ဒီနေ့ မနက် ၁၂ နာရီခွဲလောက်ကစပြီး ဆောမြို့ထဲမှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဆောမြို့ ကြံ့ခိုင်ရေးပါတီရုံး၊ ကြံ့ခိုင်ရေးပိုင် G99 Restaurant စားသောက်ဆိုင်၊ မီးသတ်ရုံး၊ သစ်တောရုံး၊ စီမံကိန်းရုံး၊ မြေစာရင်းရုံး၊ စည်ပင်ရုံး၊ စိုက်ပျိုးရေးရုံး၊ ကျေးလက်ရုံး များမီးလောင်သွားပြီး မနက် ၁၀ နာရီထိမီးလောင်နေဆဲဖြစ်ပါတယ်။
PDF-SAWက စခများ တပ်စွဲနိူင်သော နေရာများ, ယခုအချိန်ထိ ပြည်သူ့ဘက်မျက်နှာမမူပဲ စစ်ကောင်စီဒေါက်တိုင်အဖြစ် လည်ပတ်နေကြသော မီးသတ်,ကျေးလက်ဦးစီး, မြေစာရင်း, စီမံကိန်း, စိုက်ပျိုးရေး, စည်ပင်, သစ်တောဌာနမှ စာရွက်စာတမ်းများ ဖျက်ဆီးခဲ့တယ်။ ပြည်သူပိုင်မြေပေါ် ကျူးကျော်ဆောက်လုပ်ထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံး, ၂၀၁၀ ကြံ့ဖွတ်အမတ်ဟောင်း ပိုင်ဆိုင်သော G99 စားသောက်ဆိုင်တို့အား ဖောက်ခွဲမီးရှို့ဖျက်ဆီးခဲ့ကြပါတယ်လို့ထုတ်ပြန်ထားပါတယ်။
အခုလို အစိုးရရုံးတွေမီးလောင်တာကြောင့် စစ်တပ်ကဖိလာမှာကို ဆောမြို့ပြည်သူတွေ စိုးရိမ်လို့ အထုပ်တွေကြိုပြင်ထားကြောင်းလည်းသိရတယ်။
Zawgyi
ဆောမြို့နယ် ကြံ့ခိုင်ရေးရုံးအပါအဝင် အစိုးရရုံး ၇ ခု မီးလောင်ပျက်စီး