ဆေးဝါးကုသမူအချိန်မီ မလုပ်နိုင်သောကြောင့် CDF ပလက်ဝ ရဲဘော်နှစ်ဦး ကျဆုံး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝတွင် တာဝန်ထမ်းဆောင်သည့် ရဲဘော်နှစ်ဦးသည် ချင်းလဲန်းနှင့် အမျိုးသားရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း နောက်တန်းစခန်းတွင် ကျဆုံးခဲ့သည်ဟု CDF ပလက်ဝက စက်တင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

CDF ပလက်ဝ တပ်ရင်း (၃) တွင် တာဝန်ထမ်းဆောင်သည့် ဆလိုင်းဧနောက် အသက် (၁၉) နှစ် သည် ဩဂုတ်လ ၈ ရက်နေ့တွင် ကျဆုံးပြီး၊ CDF ပလက်ဝ တပ်ရင်း (၁) တွင် တာဝန်ထမ်းဆောင်သည့် ဆလိုင်းမောင်မောင် အသက် (၂၅) နှစ်သည် ဩဂုတ်လ ၃ ရက်နေ့တွင် ကျဆုံးခဲ့သည်။

မွမ်းမံသင်တန်း အပတ်စဉ် (၂)တွင် နေမကောင်းဖြစ်၍ သင်တန်းကာလ မိုးတောက်လျှောက်ရွာပြီး နာမကျန်းဖြစ်ကာ ဆေးဝါးကုသမူ အချိန်မီမလုပ်နိုင်ခဲ့သောကြောင့် ဟု CDF ပလက်ဝထံက သိရှိရသည်။

အမျိုးသားတော်လှန်ရေးအတွက် ၎င်းတို့ ပေးဆပ်မူအပေါ် CDF ပလက်ဝ တပ်ဖွဲ့မှ လေးစားဂုဏ်ပြုကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း မှတ်တမ်းတင်အပ်သည်ဟု CDF ပလက်ဝက ဆိုသည်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်