တစ်နှစ်ကြာပိတ်ထားတဲ့ တမူး-ခမ်းပါတ်လမ်း စကစမှ ပြန်လည်ဖွင့်ပေး

၂၃၊ ဇွန် ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ တမူး- ခမ်းပါတ် လမ်းပိုင်းကို တစ်နှစ်ကြာပိတ်ထားခဲ့တာဖြစ်ပြီး မနေ့ဇွန် ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်မှ ပြန်လည် ဖွင့်ပေးလိုက်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

တမူး-ခမ်းပါတ် လမ်းပိုင်းကို တမူးမြို့နယ် ပန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကနေ ၂၀၂၃ ခုနှစ် ဇွန်လ ခန့်မှာ ဖြတ်သန်း သွားလာခွင့်ပိတ်ထားပြီး နှစ်ကြာ ပိတ်ထားခဲ့ ရာမှ မနေ့ ဇွန် ၂၂ရက်နေ့မှာ ပြန်လည်ဖွင့်ပေးခဲ့တာလို့ ဒေသခံများ ပြောပြပါတယ်။

” လမ်းပြန်ဖွင့်ပေးတာဟုတ်ပါတယ်။ ပျော်တာပေါ့။ ကွင်းလမ်းကနေ ခက်ခက်ခဲခဲ မသွားရတော့ဘူး။ အခုလိုမိုးတွင်းဆို ပိုဆိုး။ လယ်ကွင်းတွေ ဖြတ်ရတာဆိုတော့နော်။ အခုလယ်သမားတွေလည်း လယ်ထွန်ယက်နေကြပြီလေ။ နောက်ပြီးတော့ ခမိတ်ဘက်ကနေ ရူးချောင်းအတိုင်း ရေကြောင်းနဲ့ သွားကြရတာပေါ့နော်။ ခရီးသည်နဲ့ ကုန်ပစ္စည်း တွေ စက်လှေနဲ့ အဆင့် ဆင့် သယ်ယူရတာ တကယ် အခက်ခဲရှိတယ်။ ဒီလိုလမ်းပွင့်လာတာ ကုန်းဈေးနှုန်း လည်းကျလာမယ်။ သွားလာရေးလည်း အဆင်ပြေလာမယ်လို့ မျော်လင့်နေကြတာပေါ့ဗျာ” လို့ ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။

တဘက်မှာ ပန်းသာ စစ်တပ်ဂိတ်ကနေ သွားလာခွင့် ဖွင့်ပေးလိုက်တယ် ဆိုပေမယ့် တမူး-ခမ်းပါတ်၊ ရာဇဂြိုလ် ထိသာ သွားလာရေး နဲ့ ကုန်ပစ္စည်း တင်ပို့မှု အဆင်ပြေ နေမှာ ဖြစ်ပြီး ခမ်းပါတ် နဲ့ ကလေး လမ်းပိုင်းကို စကစ ကနေ ဖွင့်ပေးတာမျိုး မရှိသေးပဲ ကွင်းလမ်းကိုပဲ ဆက်လက် အသုံးပြုနေအုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ပြင် ပန်းသာစစ်တပ်ဂိတ်၊ ၄မိုင်ဂိတ်၊ Denko စစ်တပ်ဂိတ်တွေမှာ စစ်ကောင်စီကနေ ဂိတ်ကြေး ၁သိန်းကနေ ၂သိန်းထိ စတင်ကောက်ခံနေပြီး ခမ်းပါတ် မြို့ဘက်မှာလဲ ဝါးတား ဂိတ်တွေ ရှိနေတာ ကြောင့် တမူးမြို့မှာ ကုန်ဈေးနှုန်း သိသိသာသာ ကျဆင်း ဖို့ မမြင်သေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

တမူးခမ်း-ပါတ်လမ်းဖွင့် ပေမယ့် အိန္ဒိယ- မြန်မာ နယ်စပ် တမူး-မိုးရေး နှစ်နိုင်ငံတရားဝင် နယ်စပ်ဂိတ်မှာ ဆက်လက် ပိတ်ထားဆဲ ဖြစ်ပါတယ်။

သတင်း – စနေသား

နောက်ဆုံးရသတင်းများ

ကန်ပက်လက်မြို့နယ်မှာ လူ ၁၅၀ ကျော် ရာသီတုပ်ကွေးဖြစ်

ဇွန်လ ၂၉ ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတွေမှာ ရာသီတုပ်ကွေးဖြစ်လို့ လူ ၁၅၀ ကျော် ဖျားနာနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ ကျေးရွာတွေဟာ မကြားကျေးရွာ၊ ခေးလောင်းကျေးရွာ၊ မရွှီကျေးရွာနဲ့ ...

ဆက်ဖတ်ရန်