မတရားအာဏာသိမ်းသမ္မတမှ အဆိုပြုသည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦးအမည်စာရင်း တင်သွင်း

ဧပြီ ၇၊ ၂၀၂၆။

Zalen

Zalen ad

မတရားအာဏာသိမ်းသမ္မတမှ အဆိုပြုတင်သွင်းထားသော ပြည်ထောင်စုဝန်ကြီး ၃၀ ဦးရဲ့ အမည်စာရင်းကို ဒီနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယကမှ တင်ပြခဲ့ကြောင်း စကမ မီဒီယာများအရ သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာန ဖွဲ့စည်းရန် အဆိုပြုထားမှုကိုလည်း သဘောတူကြောင်း ပြည်ထောင်စုလွှတ်တော်နာယကမှ ဒီနေ့တွင် ကြေညာခဲ့ပါတယ်။

အဆိုပါ သမ္မတမှ အဆိုပြုတင်သွင်းထားသော ပြည်ထောင်စုဝန်ကြီး ၃၀ ဦးမှာ—
ဦးခင်မောင်ရီ၊ ဦးအောင်ကျော်ဟိုး၊ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြတ်၊ ဦးသန်းမောင်၊ ဒေါက်တာသီတာဦး၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာမျိုးသိမ်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာသက်သက်ဇင်၊ ဦးထိန်လင်း၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးဆန်းဦး၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ဦးရဲမြင့်ထွန်း၊ ဒေါက်တာမောင်သင်း၊ ဦးမျိုးသန့်၊ ဒေါက်တာစိုးဝင်းနှင့် ဦးမောင်မြင့်တို့ ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ အမည်စာရင်းနှင့်ပတ်သက်ပြီး ကန့်ကွက်ဆွေးနွေးမည့်သူ မရှိပါက လွှတ်တော်မှ သဘောတူကြောင်း ကြေညာခြင်းကို ဧပြီ ၉ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံရေးသုံးသပ်သူများအချို့ကလည်း ဝန်ကြီးဌာန ဖွဲ့စည်းမှုအပေါ် ဝေဖန်ထောက်ရှုမှုများ ရှိနေပါတယ်။

နွေဦး

ဓာတ်ပုံ-စကမ

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်