တတိယမြောက် ချလ်းစ်ဘုရင် သို့မဟုတ် ဗြိတိန်ဘုရင်သစ်

ဘုရင်မကြီး နတ်ရွာစံပြီးချိန်မှာပဲ ပလ္လင်ကို ဘိသိတ်ပွဲ လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ အလိုအလျှောက် အမွေဆက်ဆံသူထံ လွှဲပြောင်းလိုက်ပြီဖြစ်ပါတယ်၊ အမွေဆက်ခံသူကတော့ အိမ်ရှေ့မင်းသား ချလ်းစ်ဖြစ်ပြီး သူဟာ အရင်က ဝေလ်းစ်အိမ်ရှေ့မင်းသားဟောင်း တစ်ယောက် ဖြစ်ပါတယ်။

သူဟာ အသက် ၇၃ နှစ်အရွယ်မှာပဲ ဘုရင်ဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း သူဟာ ဘုရင်ဖြစ်မလာခင် ကျင့်ထုံးအတိုင်း ရိုးရာအရ ဘိသိတ်ပွဲကို ကျင်းပပြီးမှ ဘုရင်အဖြစ် တရားဝင်ထိုင်ရမှာ ဖြစ်ပါတယ်။

ချလ်းစ်ဆိုတာ ဘယ်သူလဲ?

ချာလ်းစ်ဟာ ၁၉၄၈ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ ဘာကင်ဟမ်နန်းတော်တွင် မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ မိခင်ဖြစ်တဲ့ ဒုတိယမြောက် ဘုရင်မ အယ်လီဇာဘတ်ကို ဘုရင်မအဖြစ် တင်မြောက်ချိန်မှာ သူဟာ အသက် ၄ နှစ်ပဲ ရှိခဲ့ပါတယ်။

သူဟာ နန်းတော်တွင် ပညာသင်ကြားခြင်း မရှိပဲ ကျောင်းမှာပဲ ပညာသင်ခဲ့ပါတယ်။ သူဟာ လန်ဒန်အနောက်ပိုင်းမှာ ရှိတဲ့ Hill House ကျောင်း၊ အရှေ့စကော့တလန်တွင်ရှိသော ဘတ်ရှီယားတွင်ရှိသော Cheam Preparatory ကျောင်းနှင့် အရှေ့စကော့တလန်တွင်ရှိသော Gordonstoun ကျောင်းတို့တွင် ပညာသင်ကြားခဲ့ပါတယ်။

သူဟာ အသက် ၂၀ အရွယ်ရှိလာချိန် ၁၉၆၉ ခုနှစ်မှာပဲ ဝေလ်းစ်အိမ်ရှေ့မင်းသားဖြစ်လာရန် ဘုရင်မကြီးက ဖိတ်ခေါ်ခဲ့ပါတယ်။ သူဟာ မင်းသားတာဝန် မထမ်းဆောင်ခင် ဝေလ်းစ်ဘာသာကို Aberystwyth တွင်ရှိသော University College of Wales တွင် သင်ကြားခဲ့ပါတယ်။

မိသားစုအကြောင်း

သူဟာ ၁၉၈၁ ခုနှစ် ဇူလိုင်လတွင် ရုပ်ရှင်မင်းသမီး လေဒီဒိုင်ယာားနားစပင်ဆာကို လက်ထပ်ခဲ့ပါတယ်။ ထိုအိမ်ထောင်ကနေ သားနှစ်ယောက်ထွန်းကားခဲ့ပြီး မင်းသားဝီလီယံနှင့် မင်းသားဟယ်ရီတို့ပဲ ဖြစ်ပါတယ်။

သူတို့နှစ်ဉီးအကြားက အိမ်ထောင်ရေးဟာ ၁၉၉၆ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် တရားဝင် ကွာရှင်းခဲ့ကြပါတယ်။ သို့သော်လည်း အိမ်ရှေ့မင်းသမီးကတော့ Kensington နန်းတော်တွင် ဆက်လက်နေထိုင်ခဲ့ပြီး သူမရဲ့ တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့ပါတယ်။ မင်းသမီး လေဒီဒိုင်လာနာဟာ ၁၉၉၇ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကားတိုက်မှုကြောင့် ဆုံးသွားခဲ့ပါတယ်။

၂၀၀၅ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာတော့ ချလ်းစ်ဟာ အချစ်ဦး ဘုရင်မ ကွန်ဆွတ်ကာမီလာကို လက်ထပ်ခဲ့ပါတယ်။

Commonwealth အကြီးအကဲ တတိယမြောက် ချလ်းစ်ဘုရင်

လူဉီးရေ ၂ ဒသမ ၅ ဘီလီယံရှိပြီး လွတ်လပ်သော နိုင်ငံပေါင်း ၅၆ နိုင်ငံဖြင့်ဖွဲ့စည်းထားသော Commonwealth တွင်  တတိယမြောက် ချလ်းစ်ဘုရင်ဟာ အကြီးအကဲဖြစ်လာပြီဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံအတွက် ဘုရင်ဟာ အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။

ချလ်းစ်ဟာ ဘုရင်ဖြစ်လာပြီဖြစ်သော်လည်း သူ့ကို ဗြိတန်နိုင်ငံသားတိုင်းက ဘုရင်အဖြစ် လက်ခံထားခြင်း မရှိပါဘူး။ ဗြိတိန်နိုင်ငံတွင် ဘုရင်စနစ်ကို ဖျက်သိမ်းလိုသောသူများလည်း ရှိနေပြီး ချလ်းစ်ဘုရင်ရဲ့ နန်းတက်ပွဲမှာပဲ “ငါတို့ရဲ့ ဘုရင်မဟုတ်ဘူး” ဆိုတဲ့ စာသားများ ကိုင်ဆောင်ပြီး ဆန္ဒပြသူများလည်း ရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်