တမူးမြိုနယ်တွင် စစ်တပ်ထုတ်ကုန် များကို ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့မှ ဖမ်းဆီးဖျက်ဆီး

၃၁၊ မေလ၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ မနေ့ မေလ ၂၉ရက်တွင် စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့ (ပအဖ)မှ ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

ယခင်ရက်တွေက မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ စစ်ဆေးရေးအဖွဲ့မှ တမူးမြို့နယ်အတွင်းကို ၁၂ဘီးကားနဲ့ သယ်လာလို့ ဖမ်းဆီးထားတဲ့ စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ မန္တလေးရမ် အဖြူ၊ အနီ အဖာ ၁၀၀ ကျော်ကို မနေ့ က မြို့နယ်၊ ပကဖ၊ ပအဖနဲ့ ပလဖ တာဝန်ရှိသူများရှေ့တွင် မီးရှို့ဖျတ်ဆီးခဲ့တယ်လို့ မြို့နယ် ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးမှ Zalen သတင်းဌာနကို ပြောပါတယ်။

“ဖမ်းဆီးမိတာ ၁၂ဘီးကား ၃စီးပါ။ စစ်ကောင်စီနဲပတ်သတ်ဆက်နွယ်နေတဲ့၊ တရားမဝင် မန္တလေးရမ် အရက်ဖာတွေဖြစ်လို့ ဖမ်းဆီးဖျက်ဆီးတာပါ။ ကားသမားတွေကို ထိုက်သင့်တဲ့ပြစ်ဒါဏ်ပေးပြီး ခံဝန်ချူပ်နဲ့ ပြန်လွတ်ပေး လိုက်ပါပြီ “လို့ ၎င်းက ဆက်ပြောပါတယ်။

အဆိုပါ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ တရားမဝင် စစ်တပ်ထုတ်ကုန် အားလုံးနဲ့ တရားမဝင် မူးယစ်ဆေးဝါးများကိုလည်း ရှေ့ဆက် ကျပ်မတ် စစ်ဆေး ဖမ်းဆီး အရေးယူသွားကြမှာဖြစ်တယ်လို့ ပြည်သူ့အုပ်ချူပ်ရေး တဝန်ရှိသူ တစ်ဦးမှ ပြောထားပါတယ်။

သတင်း – တမူနွေဦး

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်