တမူးမြို့နယ် မင်းသာကျေးရွာတွင် စစ်ကောင်စီက ညမထွက်ရအမိန့်ကြေညာ

PR၊ ၂၄၊ အောက်တိုဘာ၊ ၂၀၂၃။

Zalen

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် အထက်ပိုင်းမင်းသာကျေးရွာအုပ်စုတွင်ည ၇ နာရီမှမနက် ၆ နာရီအတွင်းညမထွက်ရအမိန့်ကို စစ်ကောင်စီခန့်အုပ်ချူပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားတယ်လို့သိရတယ်။

ညမထွက်ရအမိန့်ကို အောက်တိုဘာ ၂၁ ရက်မှာစတင်ထုန်ပြန်ထားတာဖြစ်ပြီး ဘာကြောင့်ထုတ်ပြီးဘယ်ချိန်ထိကြာမလဲဆိုတာ ဒေသခံတွေမသိရပါ။ မင်းသာကျေးရွာအဝင်မှာ စစ်ကောင်စီ ရဲစခန်းနဲ့ စစ်တပ်စခန်းရှိတယ်လို့လည်းသိရတယ်။

Zalen ad

မင်းသာကျေးရွာအုပ်စုက ကျေးရွာတွေဟာ လယ်ယာလုပ်ငန်း လုပ်ကိုင်တဲ့ တောင်သူအများစုနေထိုင်တဲ့ ကျေးရွာအုပ်စုလည်းဖြစ်ပါတယ်။ ယင်းကျေးရွာဟာ တမူး-အောင်ဇေယျလမ်းမပေါ်တွင်တည်ရှိပြီး တမူးမြို့မှ ၁၃မိုင်ခန့်ကွာဝေးပါတယ်။

မင်းသာကျေးရွာက စစ်ကောင်စီတပ်သားတွေက ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၀ ရက်ညတွင် ကျွန်းပင်သာကျေးရွာသို့ အလည်သွားပြီး နောင်ကတ်(သစ်) ကျေးရွာသို့ပြန်လာတဲ့ နောင်ကတ်(သစ်)ကျေးရွာနေ ချင်း (ကူကီး) လူငယ်(၆)ဦးကို အကြောင်းမဲ့ပစ်ခတ်ရာ ၄ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

လူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်လို့ တွန်းဇံကောင်စီ ကြေညာ၊ ဒေသခံများမကျေနပ်

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှာ နေထိုင်တဲ့ လူငယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်းသွားမယ်လို့ CDF-တွန်းဇံဇိုတပ်ဖွဲ့ နဲ့ ချင်းလဲန်ကောင်စီ (CC) တပ်ပေါင်းစုအတွက် တွန်းဇံမြို့နယ်ကောင်စီက ဒီနေ့ ထုတ်ပြန်ပါတယ်။ တွန်းဇံမြို့နယ်အတွင်း နေထိုင်တဲ့သူတွေ၊ ...

ဆက်ဖတ်ရန်