တမူးမြို့နယ် မင်းသာကျေးရွာတွင် စစ်ကောင်စီက ညမထွက်ရအမိန့်ကြေညာ

PR၊ ၂၄၊ အောက်တိုဘာ၊ ၂၀၂၃။

Zalen

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် အထက်ပိုင်းမင်းသာကျေးရွာအုပ်စုတွင်ည ၇ နာရီမှမနက် ၆ နာရီအတွင်းညမထွက်ရအမိန့်ကို စစ်ကောင်စီခန့်အုပ်ချူပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားတယ်လို့သိရတယ်။

ညမထွက်ရအမိန့်ကို အောက်တိုဘာ ၂၁ ရက်မှာစတင်ထုန်ပြန်ထားတာဖြစ်ပြီး ဘာကြောင့်ထုတ်ပြီးဘယ်ချိန်ထိကြာမလဲဆိုတာ ဒေသခံတွေမသိရပါ။ မင်းသာကျေးရွာအဝင်မှာ စစ်ကောင်စီ ရဲစခန်းနဲ့ စစ်တပ်စခန်းရှိတယ်လို့လည်းသိရတယ်။

မင်းသာကျေးရွာအုပ်စုက ကျေးရွာတွေဟာ လယ်ယာလုပ်ငန်း လုပ်ကိုင်တဲ့ တောင်သူအများစုနေထိုင်တဲ့ ကျေးရွာအုပ်စုလည်းဖြစ်ပါတယ်။ ယင်းကျေးရွာဟာ တမူး-အောင်ဇေယျလမ်းမပေါ်တွင်တည်ရှိပြီး တမူးမြို့မှ ၁၃မိုင်ခန့်ကွာဝေးပါတယ်။

မင်းသာကျေးရွာက စစ်ကောင်စီတပ်သားတွေက ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၀ ရက်ညတွင် ကျွန်းပင်သာကျေးရွာသို့ အလည်သွားပြီး နောင်ကတ်(သစ်) ကျေးရွာသို့ပြန်လာတဲ့ နောင်ကတ်(သစ်)ကျေးရွာနေ ချင်း (ကူကီး) လူငယ်(၆)ဦးကို အကြောင်းမဲ့ပစ်ခတ်ရာ ၄ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်