တမူးမြို့မှာ စစ်ကောင်စီလက်အောက်ရှိ အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ် ပေမယ့် ပုံနိပ် စာအုပ်နဲ့ ကျောင်းဝတ်စုံ မထုတ်ပေးနိုင်

၅၊ ‌ဇွန် ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ကောင်စီ လက်အောက်တွင် ဖွင့်လှစ်ထားသော စာသင်ကျောင်းများ ‌ဇွန်လ ၃ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ ပေမယ့် ဖတ်စာ အုပ်များ မထုတ်ပေးနိုင်ဘူးလို့ ဒေသခံများထံမှ သိရပါတယ်။

ကျောင်းသူ/သား များကို ပုံနှိပ်ဖတ်စာအုပ်နဲ့ ကျောင်းစိမ်း ကျောင်းဖြူ များကို ‌တမူးမြို့နယ် ထွေအုပ်ကနေ ၂၀၂၃ ခုနှစ် ကတည်းက ထုတ်ပေးမယ်လို့ ပြောထား ပေမယ့် ယနေ့ထိ ထုတ်ပေးတာမရှိဘဲကျောင်းကလည်း ထုတ်ပေးတာမရှိ လို့ ကျောင်းသူ/သားများတွက် အခက်တွေ့နေတယ်လို့ ကျောင်းနဲ့ နီးစပ်သူ တစ်ဦးက Zalen ကိုပြောပြပါတယ်။

” အဓိက ကလေးတွေတွက် ပုံနှိပ်ဖတ်စာအုပ် အရမ်းလိုအပ်တယ်။ ပုံနှိပ် မပါဘဲ ဆရာကိုင်နဲ့ သင်နေကြ ရတာ။ အပြင်မှာလည်း အလုံအလောက် မရနိုင်ဘူး။ ဈေးလည်း တအားများတယ်။ ပိုက်ဆံမတတ်နိုင်တဲ့သူက မဝယ်နိုင်ကြဘူး‌ပေါ့ ။စကစ က ကျောင်းဖွင့် နိုင်ပါတယ် ဆိုရုံသာ ဖွင့်တာပါ။ ဘာမှလည်း မပြည့်စုံပါဘူး ” လို့ ၎င်းက ဆက်ပြောပါတယ်။

တမူးမြို့အထက်ပိုင်းနဲ့ အောက်ပိုင်းတွေမှာ စစ်ရေးတင်းမာ နေလို့ တမူးမြို့ကို ဒေသခံအချို့ စစ်ရှောင်ခိုလုံလာခဲ့တာကြောင့် မြို့ပေါ် စာသင်ကျောင်းတွေမှာ ၂၀၂၃ ခုနှစ်ထက် ကျောင်းသူ/သား ဦးရေ ပိုမိုများပြား လာတယ်လို့ ကျောင်းဆရာနဲ့ နီးစပ်သူတစ်ဦး ပြောပြထားပါတယ်။

တမူးမြို့မှာ စာသင်ကျောင်း ၁၁ ကျောင်းကျော်ထဲမှာ အဓိက အထက (၁)နဲ့ အထက(၂)တွေမှာ ကျောင်းအပ်နှံတက်ရောက်ကြတာဖြစ်ပြီး ကျောင်းသားဦးရေ ၄ ထောင်ကျော်တယ်လို့ လည်း သိရပါတယ်။

တဘက်မှာ ဆရာ/မ တွေကနေ ကျူရှင်ဆိုပြီး ဖွင့်စားကြပြီး ကလေး တစ်ဦးလျင် ၁၅၀၀၀ ကနေ ၂၀၀၀၀ ထိ လစဉ်ကြေး ပေးဆောင်နေရ တယ်လို့ ကျောင်းသားမိဘ တစ်ဦးပြောပြချက်အရ သိရပါတယ်။

သတင်း တမူးနွေဦး

နောက်ဆုံးရသတင်းများ

အမ်းမြို့နယ်က အမြောက်တပ် အပါအ၀င် စစ်ကောင်စီတပ်ရင်းတပ်ခွဲ ရှစ်ခုကို AA သိမ်းပိုက်

၁၄၊ နို၀င်ဘာ၊ ၂၀၂၄ Zalen ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နပခ လက်အောက်ရှိ တပ်ရင်း၊ တပ်စခန်း ရှစ်ခုကို သိမ်းယူထားတယ်လို့ နိုဝင်ဘာ ၁၃ ...

ဆက်ဖတ်ရန်