တမူးမြို့ ကားလေးဝိုင်းဖွင့်ဖို့လုံခြုံရေးလာတဲ့ စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ရာ ၄ ယောက်သေဆုံးဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ နန်းဖာလုံအနီး ကံကြီးဝတံတားမှာ ကားလေးဝိုင်းဖွင့်ရန် လုံခြုံရေးအတွက်ရောက်လာတဲ့ စစ်ကောင်စီကား ၁ စီးကို ဒီနေ့ ဇန်နဝါရီ ၁၆ ရက် မနက် ၈ နာရီက PDF ပူးပေါင်းတပ်ဖွဲ့ရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့သတင်းရရှိပါတယ်။

PDF-Tamu တပ်ရင်း(၁)တပ်ခွဲ ၃(BSO-ကျောင်းသားတပ်ခွဲ) နဲ့ PDF-Tamu တပ်ရင်း (၄) ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးပြီး ၂ ယောက်ဒဏ်ရာရရှိသွားတယ်လို့ PDF-Tamu တပ်ရင်း(၁)ထံကသိရတယ်။

PDF-Tamu တပ်ရင်း(၁)ရဲ့တာဝန်ရှိသူတစ်ဦးက “လူကြီးတွေ ကားလေးဝိုင်းဖွင့်ဖို့စီစဉ်ထားတယ်လို့သိရတယ်။ ဒါကို လုံခြုံရေးယူဖို့လာတဲ့ စစ်ကားကို မိုင်းဆွဲတာ။ ကားလေးဝိုင်းဖွင့်ပွဲတော့ ပျက်သွားတယ်။ ကားလေးဝိုင်းက နန်းဖာလုံစျေးနဲ့ တမူးကြားမှာရှိတယ်” လို့ပြောပါတယ်။

Zawgyi

Zalen ad

တမူးၿမိဳ႕ ကားေလးဝုိင္းဖြင့္ဖို႔လုံျခဳံေရးလာတဲ့ စစ္ကားကို မိုင္းဆြဲတိုက္ခိုက္ရာ ၄ ေယာက္ေသဆံုးဟုဆို

စစ္ကုိင္းတုိင္းေဒသၾကီး၊ တမူးၿမိဳ႕ နန္းဖာလံုအနီး ကံၾကီးဝတံတားမွာ ကားေလးဝိုင္းဖြင့္ရန္ လံုျခံဳေရးအတြက္ေရာက္လာတဲ့ စစ္ေကာင္စီကား ၁ စီးကို ဒီေန႔ ဇန္နဝါရီ ၁၆ ရက္ မနက္ ၈ နာရီက PDF ပူးေပါင္းတပ္ဖြဲ႔ရဲ႕ မိုင္းဆြဲတိုက္ခိုက္ခံရတယ္လုိ႔သတင္းရရွိပါတယ္။

PDF-Tamu တပ္ရင္း(၁)တပ္ခြဲ ၃(BSO-ေက်ာင္းသားတပ္ခြဲ) နဲ႔ PDF-Tamu တပ္ရင္း (၄) ပူးေပါင္းတပ္ဖြဲ႔ေတြက မိုင္းဆြဲတိုက္ခိုက္တာျဖစ္ၿပီး စစ္ေကာင္စီတပ္သား ၄ ေယာက္ေသဆံုးၿပီး ၂ ေယာက္ဒဏ္ရာရရွိသြားတယ္လုိ႔ PDF-Tamu တပ္ရင္း(၁)ထံကသိရတယ္။

PDF-Tamu တပ္ရင္း(၁)ရဲ႕တာဝန္ရွိသူတစ္ဦးက “လူၾကီးေတြ ကားေလးဝုိင္းဖြင့္ဖို႔စီစဥ္ထားတယ္လုိ႔သိရတယ္။ ဒါကို လံုျခံဳေရးယူဖို႔လာတဲ့ စစ္ကားကို မုိင္းဆြဲတာ။ ကားေလးဝိုင္းဖြင့္ပြဲေတာ့ ပ်က္သြားတယ္။ ကားေလးဝုိင္းက နန္းဖာလံုေစ်းနဲ႔ တမူးၾကားမွာရွိတယ္” လုိ႔ေျပာပါတယ္။

 

 

နောက်ဆုံးရသတင်းများ

ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်သွား

ဇွန် ၂၅၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ အန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလမ်း ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းသွားတယ်လို့ ဒေသခံများထံမှသိရပါတယ်။ ဇွန်လ ၇ရက်နေ့ကစပြီး ကလေး-တမူးလမ်းပိုင်းကို စစ်ကောင်စီတပ်များက အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် အဲဒီလမ်းပိုင်းမှာ ...

ဆက်ဖတ်ရန်