တမူးမှာ စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရတဲ့ လူငယ်တွေကို လေယာဉ်နဲ့ လာရောက်ခေါ်ယူသွား

ဇန်ဝါရီ ၃၀၊ ၂၀၂၆။

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ အတင်းအဓ္ဓမ ဖမ်းဆီး ပေါ်တာဆွဲထားတဲ့ လူငယ်တွေကို လေယာဉ်နဲ့ လာရောက်ခေါ်ယူသွားတယ်လို့ ဒေသခံများထံက သိရပါတယ်။

ဇန်နဝါရီလ ၂၈ ရက်နေ့က တမူးမြို့မှာ စစ်ကောင်စီနဲ့ ၎င်းရဲ့ လက်အောက်ခံများက စစ်မှုထမ်းဖို့ ဖမ်းဆီးပေါ်တာ ဆွဲထားတဲ့ လူငယ် ၁၂ ဦးကို လေယာဉ်နဲ့ အခုလိုလာရောက် ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

Zalen ad

” လာခေါ်သွားတာ လူငယ် ၁၂ ယောက်ပါ။ လေယာဉ်နဲ့ ခေါ်သွားတယ်။ အဲ့ထဲမှာ ခြေမသန်တဲ့ လူငယ်တွေလည်းပါတယ်။ ပြီးတော့ ဆေးသမားတွေလည်းပါတယ်။ စစ်သား ၁၀ ယောက်က လုံခြုံရေးအဖြစ် လိုက်ပေးတယ်” လို့ ဒေသခံတဦးက Zalen ကိုပြောပါတယ်။

အခုလို စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရတဲ့ လူငယ်များဟာ တမူး မြို့မ အမှတ်(၅) ရပ်ကွက်နဲ့ မြို့မ အမှတ်(၃) ရပ်ကွက်နေ လူငယ်တွေလည်းပါဝင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ပေါ်တာဆွဲခေါ်ဆောင်သွားတဲ့ အထဲမှာ မသန်စွမ်းဖြစ်နေတဲ့ လူငယ်တွေပါဝင်နေသလို ဆေးသမားတွေလည်းပါဝင်နေတယ်လို့ ဆိုပါတယ်။

” တမူးမြို့က စစ်တပ်က သူတို့ရဲ့သတ်မှတ်ချက် မပြည့်မီမှာစိုးလို့ အဲဒီ ခြေမသန်တဲ့လူငယ်တွေနဲ့ ဆေးသမားတွေကိုပါ စစ်မှုထမ်းဖို့အတင်းအဓ္ဓမ ဖမ်းဆီးပေါ်တာဆွဲ နေတော့တာဖြစ်မယ်” လို့ နောက်ထပ် ဒေသခံတဦးက မှက်ချက်ပေးပြောပြထားပါတယ်။

တမူးမြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ လူငယ်များကို ၂၀၂၅ခုနှစ် အောက်တိုဘာလကနေစပြီး ရပ်ကွက်အလိုက် စာရင်းကောက်ခေါ်ယူနေပေမယ့် လူငယ်အများအပြား ထွက်ပြေးတိမ်းရှောင်နေတာကြောင့် လမ်းသွားလမ်းလာလူငယ်အချို့နဲ့ ဆေးသမားအချို့ကို အတင်းအဓ္ဓမ လိုက်လှန်ဖမ်းဆီး ပေါ်တာဆွဲခေါ်နေတာ ဖြစ်ပါတယ်။

သတင်း – စနေသား

ဓာတ်ပုံ – လူမှုကွန်ယက်

#တမူး#စစ်မှုထမ်း#မသန်စွမ်း#စစ်ကောင်စီ#Zalen

နောက်ဆုံးရသတင်းများ

NUG မှဖမ်းဆီးထားတဲ့ သိန်းပေါင်းတသိန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးများကို မီးရှို့ဖျက်ဆီး

ဇန်နဝါရီ ၃၀၊ ၂၀၂၆Zalen အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) စိုးမိုးအုပ်ချုပ်တဲ့နယ်မြေအတွင်း ဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ်များမှ ဖမ်းဆီးရမိသော သိန်းပေါင်း တသိန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ တယ်လို့ ဇန်နဝါရီလ ၂၉ ရက် ညပိုင်းမှာ ...

ဆက်ဖတ်ရန်