တမူး-ခမ်းပတ်လမ်းအသုံးပြုတဲ့ ကုန်တင်ယာဉ်များလိုက်နာရန် အချက် (၅)ချက် PDF-Tamu ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း တမူး-ခမ်းပတ်ကြား အာရှလမ်းမကြီးကိုအသုံးပြုတဲ့ ကုန်တင်ယာဉ်များ မဖြစ်မနေလိုက်နာရန် အချက် (၅)ချက်ကို PDF-Tamu တပ်ရင်း-၂ က ဒီကနေ့ မတ် ၃၀ ရက်ကထုတ်ပြန်ထားပါတယ်။

ယင်းထုတ်ပြန်ချက်မှာဖော်ပြထားတဲ့ လိုက်နာရမယ့်အချက်တွေကတော့ –

၁။ သတ်မှတ်လမ်းအပိုင်းတွင် ည(၇:၀၀)နာရီမှ နံနက်(၆:၀၀)နာရီ အတွင်း ဖြတ်သန်းမောင်းနှင်ခြင်း မပြုရန်။
၂။ ဖြတ်သန်းခွင့်ပြုချိန်အတွင်း မောင်းနှင်ရာတွင် ယာဉ်နောက်ပိုင်းကိုယ်ထည်အား မိုးကာများဖြင့်လည်းကောင်း၊ အခြားနည်း တစ်နည်းနည်းဖြင့် လည်းကောင်း ဖုံးအုပ်ထားခြင်း လုံးဝ(လုံးဝ) မပြုရန်။
၃။ အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ကုန်မှန်သမျှ နှင့် ထောက်တိုင်များ၏ ဆက်စပ်ပစ္စည်းများအားလုံးဝ (လုံးဝ) သယ်ဆောင်ခြင်း မပြုရန်။
၄။ စစ်ခွေး၊ရဲခွေးများနှင့် ပူးပေါင်း၍ မူးယစ်ဆေး ဝါး ၊ သစ်၊ ကျွဲ၊ နွား စသည့် တရားမဝင်မှောင်ခိုပစ္စည်းများအား သယ်ဆောင်ခြင်း မပြုရန်။
၅။ အိမ်စီးကားနှင့် မှန်လုံကားများ အနေဖြင့် မှန်ချ၍ မောင်းနှင်သွားလာရန်။

အကယ်၍ ဤစည်းကမ်းချက်များအား လိုက်နာခြင်းမရှိပါက ပျက်ကွက်သူ၏ တာဝန်သာ ဖြစ်ပြီး နောင်ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့)၊ တပ်ရင်း-၂ မှ တာဝန်ယူမည်မဟုတ်ကြောင်း လေးနက်စွာ ထုတ်ပြန်ကြေညာလိုက်သည်။ ဤထုတ်ပြန်ကြေညာချက်သည် ယနေ့မှစ၍စတင်အသက်ဝင်ပြီး ဤကြေညာချက်ကိုပြန်လည် ပြင်ဆင်ကြောင်း (သို့) ပြန်လည်ရုတ်သိမ်းကြောင်း ထပ်မံမထုတ်ပြန်သည်အထိ လိုက်နာ ရမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ကြေညာလိုက်သည်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

Zawgyi

တမူး-ခမ္းပတ္လမ္းအသံုးျပဳတဲ့ ကုန္တင္ယာဥ္မ်ားလိုက္နာရန္ အခ်က္ (၅)ခ်က္ PDF-Tamu ထုတ္ျပန္

စစ္ကိုင္းတုိင္း၊ တမူးၿမိဳ႕နယ္အတြင္း တမူး-ခမ္းပတ္ၾကား အာရွလမ္းမၾကီးကိုအသံုးျပဳတဲ့ ကုန္တင္ယာဥ္မ်ား မျဖစ္မေနလိုက္နာရန္ အခ်က္ (၅)ခ်က္ကို PDF-Tamu တပ္ရင္း-၂ က ဒီကေန႔ မတ္ ၃၀ ရက္ကထုတ္ျပန္ထားပါတယ္။

ယင္းထုတ္ျပန္ခ်က္မွာေဖာ္ျပထားတဲ့ လိုက္နာရမယ့္အခ်က္ေတြကေတာ့ –

၁။ သတ္မွတ္လမ္းအပိုင္းတြင္ ည(၇:၀၀)နာရီမွ နံနက္(၆:၀၀)နာရီ အတြင္း ျဖတ္သန္းေမာင္းႏွင္ ျခင္း မျပဳရန္။
၂။ ျဖတ္သန္းခြင့္ျပဳခ်ိန္အတြင္း ေမာင္းႏွင္ရာတြင္ ယာဥ္ေနာက္ပိုင္းကိုယ္ထည္အား မိုးကာမ်ားျဖင့္လည္းေကာင္း၊ အျခားနည္း တစ္နည္းနည္းျဖင့္ လည္းေကာင္း ဖုံးအုပ္ထားျခင္း လုံးဝ(လုံးဝ) မျပဳရန္။
၃။ အၾကမ္းဖက္စစ္ေကာင္စီ၏ ထုတ္ကုန္မွန္သမွ် ႏွင့္ ေထာက္တိုင္မ်ား၏ ဆက္စပ္ပစၥည္းမ်ားအားလုံးဝ (လုံးဝ) သယ္ေဆာင္ျခင္း မျပဳရန္။
၄။ စစ္ေခြး၊ရဲေခြးမ်ားႏွင့္ ပူးေပါင္း၍ မူးယစ္ေဆး ဝါး ၊ သစ္၊ ကြၽဲ၊ ႏြား စသည့္ တရားမဝင္ေမွာင္ခိုပစၥည္းမ်ားအား သယ္ေဆာင္ျခင္း မျပဳရန္။
၅။ အိမ္စီးကားႏွင့္ မွန္လုံကားမ်ား အေနျဖင့္ မွန္ခ်၍ ေမာင္းႏွင္သြားလာရန္။

အကယ္၍ ဤစည္းကမ္းခ်က္မ်ားအား လိုက္နာျခင္းမရွိပါက ပ်က္ကြက္သူ၏ တာဝန္သာ ျဖစ္ၿပီး ေနာင္ျဖစ္ေပၚလာမည့္ အက်ိဳးဆက္မ်ားကို မိမိတို႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(တမူးၿမိဳ႕)၊ တပ္ရင္း-၂ မွ တာဝန္ယူမည္မဟုတ္ေၾကာင္း ေလးနက္စြာ ထုတ္ျပန္ေၾကညာလိုက္သည္။ ဤထုတ္ျပန္ေၾကညာခ်က္သည္ ယေန႔မွစ၍စတင္အသက္ဝင္ၿပီး ဤေၾကညာခ်က္ကိုျပန္လည္ ျပင္ဆင္ေၾကာင္း (သို႔) ျပန္လည္႐ုတ္သိမ္းေၾကာင္း ထပ္မံမထုတ္ျပန္သည္အထိ လိုက္နာ ရမည္ျဖစ္ေၾကာင္း သတိေပး ထုတ္ျပန္ေၾကညာလိုက္သည္လို႔ ထုတ္ျပန္ခ်က္ထဲမွာေဖာ္ျပထားပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်