တရားမဝင်နေထိုင်တဲ့ မြန်မာ ငါးထောင်ကျော်ကို နေရပ်ပြန်ပို့မယ်လို့ မဏိပူရ်၀န်ကြီးချုပ်ပြော

၉၊ မေ၊ ၂၀၂၄

Zalen

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ငါးထောင်ကျော်ကို မြန်မာဘက်ကို ပြန်ပို့တော့မယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်းက ပြောလိုက်ပါတယ်။

မေ ၈ရက်နေ့မှာ မဏိပူရ် ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်းက သူ့ရဲ့လူမှုကွန်ရက် X ခေါ် တွစ်တာမှာ ရေးသားဖော်ပြလိုက်တာပါ။

မြန်မာနိုင်ငံသားတွေရဲ့ ကိုယ်ရေး အချက်အလက်တွေ ကောက်ယူထားပြီး နေရပ်ပြန်ပို့မယ့်အစီအစဉ်တွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၅,၄၅၇ ဦးရှိပြီး အဲဒီထဲက ၅,၁၇၃ ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေကို မဏိပူရ်အစိုးရက ကောက်ယူထားပြီးဖြစ်တယ်လို့လည်း ဘီရန်ဆင်းက ဖော်ပြထားပါတယ်။

ဒီလို ဇီ၀ဆိုင်ရာ အချက်အလက်တွေနဲ့ မြန်မာဒုက္ခသည်တွေကို စစ်ကောင်စီထံ ပြန်လွဲပေးမှာကို မြန်မာ ဒုက္ခသည်တွေက စိုးရိမ်နေကြပါတယ်။

” ရွေ့ပြောင်း အလုပ်သမားတွေ ပြန်တာ ကိစ္စမရှိဘူး။ ကျွန်တော်တို့ စစ်ရှောင်တွေက တော်တော် အဆင်မပြေဘူး။ တိုက်ပွဲတွေကြောင့် ပြေးလာပါတယ်ဆိုမှ သေတွင်းကို ပြန်ပို့နေသလိုပဲ။ ” လို့ မိုး‌ရေးမြန်မာ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

နေရပ်ပြန်ပို့မယ့်အစီအစဉ် အသေးစိတ်ကိုတော့ မဏိပူရ်အစိုးရက ပြောဆိုတာ မရှိသေးပါဘူး။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၇၇ ဦးထဲက ပထမအသုတ်အဖြစ် ၃၈ ဦးကို ပြည်နယ်အာဏာပိုင်တွေက မေလ ၂ရက်နေ့မှာ ပြန်လည်ပို့ဆောင်ပြီး ဖြစ်ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်