တရုတ်ကို ကုန်သွယ်အခွန် ၁၅၅ ရာခိုင်နှုန်း အမေရိကန်သတ်မှတ်

အောက်တိုဘာ ၂၃၊ ၂၀၂၅

Zalen

အမေရိကန် ဒေါ်နယ် ထရမ့်ဟာ နိုဝင်ဘာ ၁ရက်နေ့ကစပြီး တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် ၁၅၅ ရာခိုင်နှုန်း အခွန် စည်းကြပ်မယ်လို့ ကြေညာပါတယ်။

တရုတ်ဟာ မြေရှားသတ္တုတွေ တင်ပို့ရောင်းချမှုအား တားမြစ်ကန့်သတ်တဲ့ အစီအစဉ်ကြောင့် အမေရိကန်က တုံ့ပြန်တဲ့ အနေနဲ့ ထရမ့်က ကုန်သွယ်ခွန်တွေကို တိုးမြှင့်မယ့် အကြောင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

Zalen ad

တရုတ်ဘက်ကတော့ အမေရိကန်နဲ့ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲကို အဆုံးထိ တိုက်ခိုက်သွားမယ်လို့ အောက်တိုဘာ ၁၄ ရက်မှာ ပြောထားပါတယ်။

ဒီကြေညာချက်ကြောင့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဈေးကွက်တွေမှာ သက်ရောက်မှုကြီးမားတဲ့ တုံ့ပြန်မှုတွေရှိလာခဲ့ပါတယ်။

ကုန်သွယ်အခွန်တွေ တိုးမြှင့်‌ ကောက်ခံမှုဟာ အမေရိကန်မှာ တရုတ်ထုတ် ကုန်ပစ္စည်းတွေ ဈေးပိုကြီးလာ နိုင်ပါတယ်။

ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြားမှာ ဒီလို စီးပွားရေး တိုက်ပွဲကြီး (Trade War) တင်းမာလာတာဟာ ဒစ်ဂျစ်တယ်ငွေကြေး Crypto အပါအ၀င် ကမ္ဘာ့ဈေးကွက်ကြီးတစ်ခုလုံး (Crypto အပါအဝင်) ကိုပါ မတည်မငြိမ် ဖြစ်စေနိုင်တယ်လို့ စီးပွားရေးကျွမ်း ကျင်သူတွေက ဆိုပါတယ်။

အမေရိကန်ဟာ သြဂုတ်လကစပြီး ကုန်သွယ်ဖက်နိုင်ငံတွေဖြစ်တဲ့ လာအိုနဲ့ မြန်မာအတွက် ၄၀ရာခိုင်နှုန်း၊ အိန္ဒိယအတွက် ၂၅ရာခိုင်နှုန်း၊ ထိုင်ဝမ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဗီယက်နမ်တို့အတွက် ၂၀ရာခိုင်နှုန်းစီ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ပါကစ္စတန်တို့ကို ၁၉ရာခိုင်နှုန်း၊ ဆီးရီးယားက ၄၁ ရာခိုင်နှုန်းအထိ ကုန်သွယ်အခွန် တိုးမြှင့်ကောက်ခံခဲ့ပါတယ်။

ကိုးကား – The economic Time

Mary

နောက်ဆုံးရသတင်းများ

ဟားခါးမြို့တွင် လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးပစ်သတ်ခံရ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။ Zalen ဟားခါးမြို့တွင် ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်များဟာ အပြစ်မဲ့ဝန်ထမ်းတဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသသတင်းများအရသိရှိရပါတယ်။ အဆိုပါသေဆုံးသူဝန်ထမ်းဟာ လက်ရှိတွင် စစ်ကောင်စီရဲ့ လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးဖြစ်ပြီး ၎င်းဟာ ...

ဆက်ဖတ်ရန်