တရုတ်ရဲ့ Deepseek AI ကြောင့် အမေရိကန် စတော့ရှယ်ယာ ၁ ထရီလီယံ ကျော်ကျဆင်း

၂၈၊ ဇန်နဝါရီ ၊ ၂၀၂၅

Zalen

တရုတ်ကုမ္ပဏီတစ်ခုရဲ့ DeepSeek အမည်ရ AI Assistant ဟာ ဇန်နဝါရီ ၂၇ ရက်က Chat GPT ကို ကျော်တက်ပြီး အမေရိကန်ပြည်တွင်း Apple AppStore မှာ လူသုံးအများဆုံး အခမဲ့ အက်ပလီကေးရှင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် အမေရိကန် စတော့ရှယ်ယာ စျေးကွက် ၁ ထရီလီယံ ကျော် ဇန်နဝါရီ ၂၇ ရက်နေ့က ကျဆင်းသွားပါတယ်။

Nvidia ကုမ္ပဏီကတော့ အထိအနာဆုံး ဖြစ်ပြီး စတော့ရှယ်ယာတန်ဖိုး ၅၉၃ ဘီလျံကျော် ကျဆင်းသွားသလို အမေရိကန် စတော့ရှယ်ယာဈေးကွက်သမိုင်းတစ်လျှောက် တစ်ရက်အတွင်း အကြီးဆုံးဆုံးရှုံးမှု ဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့တုန်းက DeepSeek-V3 မော်ဒယ်သုံး AI အက်ပလီကေးရှင်းကို စတင်မိတ်ဆက်ပြီးနောက် သိပ်မကြာခင်မှာပဲ အခုလိုမျိုး ရေပန်းစားလာခဲ့တာပါ။

တရုတ် DeepSeek-V3 က အမေရိကန်က Nvidia ရဲ့ H-800 ချစ်ပ်တွေကို လေ့ကျင့်မှုအတွက် အသုံးပြုခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ သန်းအောက်သာ ကုန်ကျခဲ့တယ်လို့ ဒီဇင်ဘာလက ထုတ်ပြန်တဲ့ သုတေသနစာတမ်းအရ သိရပါတယ်။

ဒါ့အပြင် DeepSeek က အမေရိကန်ရဲ့ နောက်ဆုံးပေါ် AI မော်ဒယ်တွေနဲ့တန်းတူ ဒါမှမဟုတ် ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေပါ ပြသနေတာကြောင့် နည်းပညာကုမ္ပဏီကြီးတွေအတွက် သတိထားစရာ ဖြစ်လာခဲ့တယ်လို့ ဆိုထားပါတယ်။

တရုတ်နိုင်ငံထုတ် AI မော်ဒယ်များစွာ ရှိပေမဲ့လည်း DeepSeek ကသာ အမေရိကန် နည်းပညာနယ်ပယ်ရဲ့ ချီးကျူးအသိအမှတ်ပြုမှုကို ပထမဆုံး ရရှိခဲ့တာပါ။

Deepseek နဲ့ ChatGPT ကြားမှာ တူညီတဲ့အလုပ်တာဝန်အတွက် Deepseekက ၁၀ ဒေါ်လာကုန်ကျရင် ChatGPT က ဒေါ်လာ ၂၇၀ ကုန်ကျနိုင်တာကြောင့် တရုတ်ထုတ် AI နည်းပညာဟာ ၂၇ ဆ ပိုပြီး စျေးသက်သာပါတယ်။

Deepseek-R1 မော်ဒယ်ဆိုရင် ဘာသာစကားပေါင်းစုံနဲ့အတူ တကိုယ်ရေအသုံးပြုမှုအတွက် အခမဲ့ဆိုပြီး ဒီဇင်ဘာလကုန်ပိုင်းမှာ စဖွင့်ပေးခဲ့ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်