တီးတိန်မြို့တွင် ပထမအကြိမ် အလုပ်ရှာဖွေသူများနဲ့ လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

 

တီးတိန်မြို့တွင် ပထမအကြိမ် အလုပ်ရှာဖွေသူများနဲ့ လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
CHRO တွဲလက်(ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း)ရဲ့ဦးဆောင်မှုနဲ့ တီးတိန်မြို့တွင် အလုပ်ရှာဖွေသူများနဲ့ လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲ ဒီနေ့ကျင်းပ သွားပါတယ်။
ဒီပွဲမှာ လုပ်ငန်းရှင်များအနေဖြစ် ကမ္ဘာဇဘဏ်၊ စာဖိုမှူးသင်တန်း၊ ထိပ်တန်းမိုဘိုင်းဆိုင်တွေ လုပ်ငန်းပြခန်းတွေလာရောက်ပြသကြပြီး တီးတိန်မြို့နယ်နဲ့ တွန့်ဇံမြို့နယ်ကနေ လူ(၃၅၀)ကျော်တက်ရောက်လာပါတယ်။
CHRO တွဲလက်ရဲ့ Monitoring and Evaluation Officer ဒေါ်လိန်းရွှေ က “ကျမတို့စီမံကိန်းက ချင်းပြည်နယ်မြောက်ပိုင်းဆိုတော့ အဲ့မှာ လက်မှုပညာလေးတွေသင်ပေးတာရှိတယ်။ ဥပမာ-ယက်ကန်းသင်တန်းတို့၊ မုန့်ဖုတ်ပညာတွေသင်ပေးတာရှိတော့ သူတို့တွေအလုပ်ရနိုင်အောင် စီစဉ်တာပါ။ တီးတိန်မှာ ဆိုင်ကယ်၊ စက်ချုပ်၊ အလှပြင်၊ ကားပြင် ကျွမ်းကျင်သင်တန်းသားတွေရှိတော့ သူတို့တွေအလုပ်ခေါ်ချင်ရင် ခေါ်လို့ရတယ်ဆိုတဲ့သဘော။ အထူးသဖြင့် တီးတိန်၊ တွန့်ဇံဘက်က သင်တန်းသားတွေအလုပ်ရနိုင်အောင် ရည်ရွယ်တဲ့ပွဲပါ။ မနှစ်က ဟားခါးမှာအလုပ်အကိုင်ပြပွဲကျင်းပတယ်။ အခုက တီးတိန်မှာ ပထမဆုံးအကြိမ်ဆွေးနွေးပွဲကျင်းပတာပါ” လို့ပြောပါတယ်။
ပြည်နယ် အလုပ်သမားဦးစီးမှူး ဦးအောင်လွင်ကလည်း အလုပ်သမားဥပဒေတွေ၊ အလုပ်သမားအခွင့်အရေးတွေဟောပြောပို့ချတယ်။
CHRO တွဲလက် ဇွန်လတွင် ဖလမ်းမြို့၌ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ပွဲတစ်ခုကျင်းပဖို့လည်း အစီအစဉ်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်