တီးတိန်မြို့နယ်မှာ ZRAနဲ့ CNAတို့ တိုက်ပွဲထပ်ဖြစ်

၂၊ ဧပြီ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Keizaang ရွာနဲ့ Muizawl ရွာကြားမှာ ယနေ့မေ ၂ရက်နေ့ ညနေပိုင်းက ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ Zomi Revolution Amry ( ZRA)တို့ တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မေ ၁ရက်နေ့ မနေ့ကလည်း တီးတိန်မြို့နယ်၊ လိုင်တွီးကျေးရွာအနီးမှာ CNA နဲ့ ZRA တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

” မနေ့ကလည်း လိုင်တွီးမှာဖြစ်တယ်။ အဲ့အနီးအနားမှာပဲ ဒီနေ့လည်း ထပ်ဖြစ်တယ်။ CNAက စစ်ရေးဖော်ဆောင်ဖို့ လာတာကို ZRAက ကြားဖြတ်ကာကွယ်တိုက်ခိုက်တာလို့ ကြားတယ်ဗျ။ “

နှစ်ဖက်တိုက်ပွဲအတွင်းမှာ ထိခိုက်ကျဆုံးမှုကိုတော့ Zalen အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မေ ၁ရက်နေ့ တိုက်ပွဲအတွင်းမှာ CNA တပ်ဖွဲ့၀င် ဆလိုင်းဗန်‌ဟွီထန် (Salai Van Hoi Thang) ကျဆုံးသွားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာလည်း လိုင်တွီးကျေးရွာအနီးမှာ CNA နဲ့ ZRA တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

PDF Zoland ပါ၀င်တဲ့ ချင်းညီနောင်အဖွဲ့ဟာ CNA အနေနဲ့ နယ်မြေကျော်လွန်ကာ စစ်ရေးလှုပ်ရှားမှု ဖော်ဆောင်တာ မလုပ်ဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။

Mary

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်