တီးတိန် တိုက်ပွဲတွင်း မီးလောင်ပျက်စီးသွားတဲ့ အိမ်တွေ ပြန်လည်ဆောက်ဖို့ အခက်ခဲဖြစ်နေ

အောက်တိုဘာလ ၁၄ရက်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့တွင်း တိုက်ပွဲကြောင့် မီးလောင်ပြာကျသွားတဲ့ အိမ်တွေ ပြန်ဆောက်ဖို့ အခက်ခဲဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

တီးတိန်မြို့မှာ ယခုနှစ် မေလ နောက်ဆုံးအပတ်နဲ့ ဇွန်လ ပထမအပတ်မှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(ဇိုလဲန်း)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Zalen ad

တိုက်ပွဲတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးကျည် ပစ်ခတ်မှုနဲ့ မီးရှို့မှုတို့ကြောင့် တီးတိန်မြို့ရှိ အရပ်သားနေအိမ် ၇၀ ကျော် မီးလောင်ပြာကျသွားပါတယ်။

အဲ့ဒီ မီးလောင်ပြာကျသွားတဲ့ အိမ်တွေ ပြန်လည်ဆောက်ဖို့အတွက် အိမ်ရှင်တွေဟာ အခက်ခဲဖြစ်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

“အိမ်တွေ ပြန်ဆောက်ဖို့အတွက် ကျွန်တော်တို့မှာ ပိုက်ဆံမရှိဘူး။ ပြီးတော့ မိသားစု စားဝတ်နေရေးအတွက်လည်း အခက်ခဲဖြစ်နေတယ်။ အဖွဲ့စည်းတွေကနေ ထောက်ပံ့ပေးတာလည်းမရှိဘူး။”လို့ နေအိမ်ဆုံးရှုံးလိုက်ရသူတစ်ဦးက ဆိုပါတယ်။

နေအိမ်မီးလောင်ပြာကျသွားတဲ့ မြေကွက်တွေမှာ သွပ်ပြာကာထားတာကလွဲပြီး ဒီနေ့ထိ အသစ်ပြန်လည်ဆောက်နိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် နေအိမ်မီးလောင်ပြာကျသွားတဲ့ အိမ်ရှင်တွေဟာ အခုခါ အိမ်ငှားနေထိုင်ရပြီး တချို့ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်မှာ ပြောင်းရွှေ့နေထိုင်ကြတယ်လို့ သိရပါတယ်။

“အိမ်တွေကပြန်မဆောက်နိုင်တော့ အိမ်ငှားပြီးနေရတယ်။ စားဝတ်နေရေးအတွက် ရှိတဲ့အလုပ်ကိုမရွေးဘဲ လုပ်နေရတယ်။ တချို့က နိုင်ငံခြားကနေ အမျိုးတွေ ပေးပို့တဲ့ ပိုက်ဆံနဲ့ စားသောက်ရတယ်။”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

တီးတိန်မှာ အခုခါ တိုက်ပွဲတွေမရှိတော့ဘဲ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ပြီး အုပ်ချုပ်ရေးယန္တယားတွေ ပြန်လည်လှည်ပတ်ကာ ပုံမှန်အခြေနေရောက်ရှိနေပြီလို့ သိရပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်