တောင်ကျချောင်းရေထဲ မိန်းကလေး (၃)ယောက်မျောပါပျောက်ဆုံးပြီး (၈)လအရွယ်ကလေးငယ် အခုထိမတွေ့သေး

မင်းတပ်မြို့နယ် လီလောင်းကျေးရွာနဲ့ မထိုးကျေးရွာကြား မုန်းချောင်းတွင် အောက်တိုဘာ (၁၉)ရက်ည ၇ နာရီခွဲခန့်တွင် လီလောင်းကျေးရွာသူအမျိုးသမီး ၂ ဦးနဲ့ကလေးတစ်ဦးဟာ တောင်ကျချောင်းရေတွင်းမျောပါသွားတယ်လို့သတင်းရရှိပါတယ်။

ကလေးမိခင် ဒေါ်ထက်လီကုန်း (၃၁)နှစ်ရဲ့အလောင်းကို ယင်းညတွင် ကျေးရွာနေပြည်သူတွေကတွေ့ရှိပြီး အသက် (၂၂)နှစ်အရွယ် မလောလီကုန်းရဲ့အလောင်းကို အောက်တိုဘာလ (၂၀)ရက် ညနေ ၄ နာရီခန့်တွင်ထပ်မံတွေ့ရှိပြီး မင်းတပ်ပြည်သူ့ဆေးရုံသို့ပို့ထားပါတယ်။

ဒေါ်ထက်လီကုန်း ရဲ့သမီး (၈)လအရွယ်မိန်းကလေးမူ ဒီနေ့ထိ မတွေ့နိုင်သေးပါ။ မိန်းကလေး ၃ ဦးမျောပါပျောက်သွားတဲ့ မုန်းချောင်းဟာ မင်းတပ်မြို့ကနေ မိုင် (၄၀) အကွာမှာရှိပါတယ်။

နောက်ဆုံးရသတင်းများ

ZZLMS နယ်မြေအတွင်းရှိလူငယ်လူရွယ်များအတွက် ခရီးသွားလာခွင့်ကန့်သတ်

ဒီဇင်ဘာ ၂၀၊ ၂၀၂၅ Zalen ချင်းပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ZZLMS နယ်မြေဧရိယာအတွင်းရှိ လူငယ်များအနေဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ထားပြီး ခရီးသွားလာခွင့်ကိုလည်းကန့်သတ်ကြောင်း ZZLMS က ဒီကနေ့ထုတ်ပြန်ပါတယ်။ ZZLMS ဟာ ဇိုတုန်၊ ဇိုဖဲ၊ ...

ဆက်ဖတ်ရန်