တော်လှန်ရေး ၅ နှစ်အတွင်း CDF-Thantlang တပ်ဖွဲ့ဝင် ၇၀ နီးပါးကျဆုံးခဲ့

ဧပြီ ၁၀၊၂၀၂၆

Zalen

Zalen ad

အကြမ်းဖက်စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာခဲ့တဲ့ နွေဦးတော်လှန်ရေး ၅ နှစ်တာကာလ အတွင်း Chinland Defense Force – Thantlang မှ တပ်ဖွဲ့ဝင် ၆၈ ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သူ ၂၅ ဦးထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့နယ်အတွင်းအခြေစိုက်လှုပ်ရှားပြီးတော်လှန်ရေးလုပ်ဆောင်နေတဲ့ CDF-Thantlang ဟာ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့် အခမ်းအနားကိုအောင် မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။

အဆိုပါ တော်လှန်ရေး ၅ နှစ်တာကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များအပြင် ပြည်သူ ၂၃ ဦး လည်း သေဆုံး ခဲ့ရပြီး ၅၀ ကျော်ထိခိုက်ဒဏ်ရရခဲ့ကြပါတယ်။

“ငါးနှစ်အတွင်းမှာ ကျွန်တော်တို့ရဲ့ ရဲဘော် ၆၈ ယောက် အသက်ပေးလှူခဲ့ကြပါတယ်။ လူ ၂၅ ယောက်ကျော်ဟာ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပေးလှူခဲ့ကြပါတယ်။ ထန်တလန်မြို့ ပျက်စီးသွားခဲ့တယ်။ အရပ်သား ၂၀ ကျော်ဟာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။ ဒီစွန့်လွှတ်အနစ်နာခံမှုအားလုံးက ဒီတော်လှန်ရေး ရပ်တန့်ဖို့ မဖြစ်ဘူးဆိုတဲ့ အတွေးစိတ်ထဲမှာအမြဲ ခိုင်မာနေပါတယ်။” လို့ CDF-Thantlang ခေါင်းဆောင်တဦး ဖြစ်တဲ့ Salai Tial Hram Ling က သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေဖော်ပြထားပါတယ်။

ဆက်ပြီးသူက “ထန်တလန်မြို့သစ်ရောက်လာမှာပါ။ အဲဒီထန်တလန်မြို့သစ်မှာဆိုရင်ကျွန်တော်တို့ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ရှိမှရမှာပါ။ ထန်တလန်မြို့နယ်ပြည်သူများစည်းလုံးခြင်းနဲ့အင်အားက ထန်တလန်မြို့သစ်ကိုရုပ်လုံး ပေါ်လာစေမှာဖြစ်တယ်။ ဖြစ်နိုင်ရင်နောင် ၃ နှစ်မှာ ထန်တလန်မြို့ကိုပြန်ဝင်နိုင်ပြီးနောက်ထပ် ၅ နှစ်မှာ ထန်တလန် မြို့သစ်ကိုပုံဖော်နိုင်ဖို့ စိတ်ကူထားတယ်။ ဘုရားသခင်လမ်းပြပို့ဆောင်ပါစေ။” လို့ ဆက်လက်ဖော်ပြထားပါတယ်။

CDF-Thantlang တပ်ဖွဲ့များဟာ မဟာမိတ်များနဲ့အတူ ချင်းပြည်နယ်၊ ထန်တလန်မြို့ကိုသိမ်းပိုက်နိုင်ဖို့ Tilim Operation (4) အထိ ပြင်ဆင်ပြီး ထန်တလန်မြို့ကိုထိုးစစ်ဆင်ခဲ့ရာ စစ်ဆင်ရေးများအတွင်း အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့သလို CDF-Thantlang ဘက်က စစ်ဦးစီးချုပ်အပါအဝင် ရဲဘော် အများအပြားလည်း အသက်ပေးခဲ့ကြပါတယ်။

CDF-Thantlang ဟာ ချင်းပြည်ကောင်စီအဖွဲ့ဝင်ဖြစ်ပြီး ထန်တလန်မြို့နယ်အတွင်း စစ်ဆင်ရေးများအပြင် အခြား ဒေသ စစ်ဆင်ရေးများမှာလည်း ပါဝင်တိုက်ခိုက်လျက်ရှိပြီး လက်ရှိ ဖလမ်းမြို့ကိုထိုးစစ်ဆင်လာတဲ့အကြမ်းဖက် စစ်တပ်ကိုလည်း မဟာမိတ်များနဲ့အတူ ခုခံတိုက်ခိုက်လျက်ရှိပါတယ်။

သတင်း – Mikcey

ပုံအညွှန်း – CDF-Thantlang တပ်ဖွဲ့ဝင်များ

ဓါတ်ပုံ – CDF-Thantlang

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်